ခရိုအေးရှားနဲ့ ကစားတဲ့ပွဲမှာပါ။

ဇောနဲ့ဘောလုံးပွဲ ကြည့်နေချိန်မှာ တပ်ဆင်ဖို့ ရုတ်တရက်မေ့နေခဲ့တာသာ ဖြစ်ပြီး တာဝန်ရှိသူက လာရောက်သတိပေးချိန်မှာ ချက်ခြင်းဆိုသလို လိုက်နာပြီး တပ်ဆင်ခဲ့ပါတယ်။

ပေါ်တူဂီနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ နေးရှင်းလိဂ်ပွဲစဥ်မှာ ရော်နယ်ဒိုဟာ နှာ‌ခေါင်းစည်းဝတ်ဖို့ မေ့နေခဲ့တာကြောင့် တာဝန်ရှိသူတစ်ဦးရဲ့ သတိပေးခြင်းကို ခံခဲ့ရပါတယ်။



ခရိုအေးရှားနဲ့ပွဲမှာ ရော်နယ်ဒို အနေနဲ့ ပါဝင်ကစားခွင့်မရခဲ့ပဲ ပွဲကြည့်စင်ပေါ်မှသာ ကြည့်ရှုခဲ့ရတာ ဖြစ်ပြီး အဆိုပါ အချိန်မှာ နှာခေါင်းစည်း ဝတ်ထားဖို့ ရော်နယ်ဒိုက မေ့နေခဲ့တာပါ။

ရော်နယ်ဒိုအနေနဲ့ကတော့ တာဝန်ရှိသူက လာရောက်သတိပေးတာနဲ့ တပြိုင်နက်တည်း နှာခေါင်းစည်းကို တိကျ စွာ လိုက်နာပြီး ဝတ်ဆင်ခဲ့ပါတယ်။

တကယ်တော့ မိမိအသင်း ခရိုအေးရှားအသင်နဲ့ ကစားနေချိန်မှာ ဆန္ဒစောပြီး နှာခေါင်းစည်း ဝတ်ဖို့ မေ့နေခြင်းသာ ဖြစ်ပြီး အဆိုပါ တာဝန်ရှိသူတစ်ဦး လာရောက်သတိပေးချိန်မှာ နှာခေါင်းစည်း မဝတ်ထားမိတာ ရော်နယ်ဒိုတစ်ဦးတည်း မဟုတ်လောက်ပဲ နောက်မှာလည်း အခြားသူတစ်ဦး မဝတ်ထားလို့ အချင်းချင်း သတိပြန် ပေးတာမျိုးတွေလည်း ဗီဒီယိုမှာ မြင်တွေ့နိုင်ပါတယ်။



ရော်နယ်ဒိုကို ထည့်သွင်းအသုံးမပြုတာနဲ့ ပတ်သက်ပြီး ပေါ်တူဂီ နည်းပြ ဆန်းတို့စ်က - “သူသာ ပုံစံကောင်းမှာ ရှိ နေရင် ကျွန်တော်သူ့ကို မသုံးစရာ ဘာအကြောင်းမှ မရှိပါဘူး။သူကစားနိုင်ရင် သူပွဲထွက်ခွင့်ရမှာပါ။သူ့လေ့ကျင့် မှုကလည်းကောင်းပါတယ်၊ဆွီဒင်ကို သူပါပါလိမ့်မယ်။ဒါပေမယ့် ဒဏ်ရာရမရတော့ စောင့်ကြည့်ရပါမယ်။”လို့ ဆန်းတို့စ်က ပွဲအပြီးမှာ RTP သတင်းဌာနကို ပြောသွားပါတယ်။

ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းကတော့ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ဖြစ်ပြီး ရော်နယ်ဒိုက အဓိက ကျတဲ့ အခမ်း ကဏ္ဍက ပါဝင်နိုင်ခဲ့သူပါ။

လာမယ့် ဆွီဒင်နဲ့ကစားမယ့်ပွဲမှာ ရော်နယ်ဒိုအနေနဲ့ ပါဝင်ကစားနိုင်ခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ နိုင်ငံ ကစားသမားဘဝ ဂိုး ၁၀၀ပြည့်သွင်းဂိုးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က