ဒိန်းမတ်နဲ့ကစားမယ့် နေးရှင်းလိဂ်ပွဲမှာ ပါဝင်လာဖွယ်ရှိနေတာပါ။

၂၀၀၄ခုနှစ်က အလန်စမစ်အနေနဲ့ လိဒ်ယူနိုက်တက် ကစားသမားအဖြစ် လက်ရွေးစင်မှာ ပါဝင်နိုင်ခဲ့ပြီးနောက် လိဒ်ယူနိုက်တက် ကစားသမား တစ်ဦးမျှ လက်ရွေးစင်မှာ အရွေးချယ် မခံရတာ ၁၆နှစ်ကြာမြင့်နေခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်း နည်းပြချုပ် ‌ဆောက်ဂိတ်ဟာ ယနေ့ညမှာ ကစားမယ့် ဒိန်းမတ်အသင်းနဲ့ နေးရှင်းလိဂ်ပွဲစဥ်မှာ လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို ပွဲထုတ်အသုံးပြုလာဖွယ်ရှိနေတယ်လို့ Daily Mail က ဖော်ပြလာပါတယ်။



ဖီးလစ်အနေနဲ့ ကိုပင်ဟေဂင်မှာ ကစားမယ့် ယနေ့ညပွဲမှာတော့ ကွင်းလယ်မှာ ဒီကလန်ရိုက်စ်၊မေဆန်မောင့်တို့နဲ့ အတူတွဲဖက် ကစားရဖွယ်လည်း ရှိနေပါတယ်။

အသက် ၂၄နှစ်အရွယ် အဆိုပါ ကွင်းလယ်ကစားသမားဟာ လိဒ်ယူနိုက်တက်အသင်း မနှစ်က တန်းတက်ဖို့အ တွက် အဓိက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကမှ နည်းပြ ဆောက်ဂိတ်ရဲ့ လက်ရွေးစင် အသင်း အတွက် ခေါ်ယူခြင်းကို ပထမဆုံး ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ယနေ့ညပွဲမှာသာ ပွဲထွက် ပါဝင်ခွင့်ရလာပါက ဖီးလစ်ဟာ ၂၀၀၄ခုနှစ်က လိဒ်ယူနိုက်တက် ကစားသမား အလန်စ မစ် လက်ရွေးစင်အသင်းအတွက် ကစားပေးနိုင်ခဲ့ပြီးနောက် ပထမဆုံး နိုင်ငံအသင်းအတွက် ကစားပေးနိုင်မယ့် လိဒ်ယူနိုက်တက် ကစားသမားတစ်ဦးလည်း ဖြစ်လာတော့မှာပါ။

အင်္ဂလန်အသင်းဟာ ဒိန်းမတ်နဲ့ပွဲမှာ ပုံမှန် အသုံးပြုနေကျ ၄-၃-၃ အစား ၃-၄-၃ကို အစားထိုး အသုံးပြုသွားဖွယ် ရှိနေတယ်လို့ သိရပြီး ဂိုးသမားနေရာမှာ ပစ်ဖို့ဒ်၊နောက်တန်း ၃ဦးနေရာမှာ ဂိုမက်ဇ်၊ကုတ်ဒီနဲ့ဒိုင်ယာတို့ကို တွဲဖက် ကစားစေကာ ကွင်းလယ်ကို အာနိုးလ်၊ရိုက်စ်၊ထရစ်ပီယာနဲ့ ဖီးလစ်တို့ကို တွဲဖက်ဖို့ ရှိနေပါတယ်။

တိုက်စစ်ကိုတော့ ဆန်ချို၊ကိန်းနဲ့စတားလင်းတို့ကို တွဲဖက် အသုံးပြုသွားဖွယ်ရှိနေပြီး ယှဥ်ပြိုင်ဖွယ်ရှိနေတယ်လို့ လည်း သိထားရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က