loading...

loading...

loading...

တိုက်စစ်မှူး‌တွေဖြစ်တဲ့ ဒမ်ဘီလီနဲ့ဆွာရက်ဇ်တို့ ဒဏ်ရာရနေတာကလည်း အခက်တွေ့နေစေပါတယ်။
Kyaw Ko Ko Sint

၂၀၁၄ ဇန်နဝါရီနောက်ပိုင်း ပထမဆုံးအကြိမ် ဂိုးပေါက်ပျောက်ဆုံးမှု အကြာဆုံး ဖြစ်နေပြီဂ ၄ ပွဲဆက် ဂိုးပေါက် ပျောက်နေတာပါ။

Image result for Messi latest news

ဂီတာဖေးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ သွင်းဂိုးတစ်ဂိုးမှ မရခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီအနေ နဲ့ ၆ နှစ်အတွင်းမှာ အဆိုးရွားဆုံး ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ရင်ဆိုငနေရပြီလို့ Goal.com သတင်းဌာနက ဖော်ပြလာ ပါတယ်။

မက်ဆီအနေနဲ့ ရှေ့မှာ ကစားထားတဲ့ ဗလင်စီယာ၊လီဗန်တေး၊ဘက်တစ်တို့နဲ့ပွဲတွေမှာလည်း ၃ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးခဲ့တာကြောင့် အခုဆိုရင် လိဂ်၄ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေတာပါ။



ဒါဟာ ၂၀၁၄ ဇန်နဝါရီလ နောက်ပိုင်း ဂိုးပေါက်ပျောက်ဆုံးမှာ အရှည်ကြာဆုံးလည်း ဖြစ်နေခဲ့တာလို့ သိရပါတယ်။

နောက်ဆုံး အကြိမ် ဂိုးပေါက် အကြာဆုံး ပျောက်ဆုံးမှုကတော့ ၈ ပွဲဆက် ဂိုးပေါက်ပျောက်တာ ဖြစ်ပြီး ဒီနှစ်မှာ တော့ ဂိုးပေါက် ပျောက်ဆုံးနေပေမယ့် ဂိုးကတော့ လိဂ် ၁၉ ပွဲမှာ ၁၄ ဂိုးအထိသွင်းယူထားနိုင်ပြီးဖြစ်ပါတယ်။

Image result for Messi latest news

အလားတူ နောက်ဆုံး၃ ပွဲဆက် ဂိုးမသွင်းနိုင်သည့်တိုင် အသင်းရယူထားတဲ့ ၇ ဂိုးမှာ၆ ဂိုးအထိပါဝင်ပတ်သက်ထား တာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ဂိုးဖန်တီးမှုကလည်း ၁၉ ပွဲမှာ ၁၂ ကြိမ်ထိ ပြုလုပ်ထားပြီး ဖြစ်လို့ ဒီပမာဏဟာ မနှစ်က ဂိုးဖန်တီးမှုထက် တစ်ကြိမ်သာ နည်းတော့တဲ့ အခြေအနေထိ ရှိနေခဲ့ပါတယ်။

လာမယ့် စနေနေ့မှာ အီဘာကို ဧည့်ခံ ကစားမယ့်ပွဲမှာတော့ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်မလား ၅ ပွဲဆက် ဂိုးပေါက်ပျောက်နေအုံးမလား ဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာပါ။


ဆက်စပ်အကြောင်းအရာများ


loading...

က္က