အလွတ်တည်ကန်ဘောကတဆင့် သွင်းယူခဲ့တာပါ။
Pyae Phyo Thein

ရော်နယ်ဒိုဟာ လှပတဲ့ အလွတ်တည်ကန်ဘောသွင်းယူမှုနဲ့ ဂိုးသွင်းနို်င်ခဲ့တာဖြစ်ပြီး စီးရီးအေလေးပွဲဆက်တိုက် ဂိုးရရှိခဲ့တာလည်းဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးရော်နယ်ဒိုဟာ တိုရီနိုနဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွငး်ယူပေးခဲ့ပြီးနောက် ဂျူဗီအတွက် နှစ်ပေါင်း ၅၉နှစ်အတွင်း စီးရီးအေတစ်ရာသီအတွင်းမှာ သွင်းဂိုး ၂၅ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီလို့ Opta က ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လှပတဲ့ အလွတ်တည်ကန်ဘောသွင်းယူမှုနဲ့ ဂိုးသွင်းနို်င်ခဲ့တာဖြစ်ပြီး စီးရီးအေလေးပွဲဆက်တိုက် ဂိုးရရှိခဲ့တာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့အတူ အသင်းဖော်ဒီဘာလာလည်း ဂိုးသွင်းယူနိုင်ခဲ့လို့ သူတို့နှစ်ဦးတွဲတိုက်စစ်ကလည်း လေးပွဲဆက်ဂိုးရရှိခဲ့ပြီး နည်းပြဆာရီအတွက် အကောင်းဆုံးတိုက်စစ်ကစားဟန်ကို ရှာတွေ့ခဲ့ပြီလို့ ဆိုရမှာပါ။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးကြီးဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာလည်း ၂၂ ကိုက်အကွာနေအပြင်းကန်သွင်းပြီး ဂိုးရယူနိုင်ခဲ့ပါသေးတယ်။ ၁၉၆၀-၆၁ ဘောလုံးရာသီမှာ ဂျူဗီကစားသမားအိုစမာဆီဗိုရီက တစ်ရာသီအတွင်း ၂၅ဂိုးသွင်းယူခဲ့တဲ့ နောက်ဆုံးသော ဂျူဗင်တပ်စ်ကစားသမားဖြစ်ခဲ့ပြီး အဆိုပါမှတ်တမ်းကို ရော်နယ်ဒိုက လိုက်မီသွားခဲ့တာလည်းဖြစ်ကာ နောက်တစ်ပွဲဂိုးသွင်းယူနိုင်ခဲ့ပါက စံချိန်သစ်ပါတင်နိုင်တော့မှာဖြစ်ပါတယ်။ 

အသက် ၃၅နှစ်အရွယ်တိုက်စစ်မှူးဟာ ကိုပါအီတာလီယာဖလားပွဲတွေမှာ ဂိုးပေါက်ပျောက်ခဲ့ပြီးနောက် စီးရီးအေမှာ ဆက်တိုက်ဂိုးသွင်းနေခဲ့တာလည်းဖြစ်ပါတယ်။ အဓိကပြိုင်ဘက်လာဇီယိုကလည်း အေစီမီလန်ကိုအရေးနိမ့်ခဲ့လို့ ဂျူဗီက ၇ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ကာ စီးရီးအေဆုဖလားအတွက် အကောင်းဆုံးအခြေအနေတစ်ခုကို ရယူနိုင်ခဲ့ပြိလည်းဖြစ်ပါတယ်။ 


Author


က္က