၂၀၁၂-၁၃တုန်းက ဆီမီးဖိုင်နယ်မှာလည်း ဂျာမနီကလပ်တွေပါဝင်နိုင်ခဲ့ပြီး ဘိုင်ယန်ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ ဂျာမနီကလပ်နှစ်သင်းနဲ့ပြင်သစ်ကလပ်နှစ်သင်း ထိပ်တိုက်တွေ့နေပြီး နိုင်ငံတူ အသင်း အချင်း ချင်း တွေ့ဆုံတဲ့ ဗိုလ်လုပွဲ ဖြစ်လာနိုင်ပါတယ်။

၂၀၁၉-၂၀ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကိုတော့ ဘိုင်ယန်မြူးနစ်၊လိုက်ပ်ဇက်၊ပီအက်စ်ဂျီနှင့်လိုင်ယွန်အသင်း တို့ တက်လှမ်းလာပါတယ်။



ယခုလို ဆီမီးဖိုင်နယ်ကို တက်လှမ်းလာတဲ့အသင်းတွေကို ကြည့်လိုက်မယ်ဆိုရင် နှစ်သင်းက ဂျာမနီကလပ်၊နှစ် သင်းက ပြင်သစ်ကလပ်တွေ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာတော့ သူတို့ နိုင်ငံတူအသင်းအချင်းချင်း မတွေ့ဆုံနေပဲ ဘိုင်ယန်နဲ့လိုင်ယွန်၊ပီအက်စ်ဂျီနဲ့လိုက်ပ် ဇက်တို့ တွေ့ဆုံနေလို့ ဗိုလ်လုပွဲကလည်း နိုင်ငံတူ အသင်းအချင်းချင်း တွေ့ဆုံနိုင်ဖွယ်ရှိနေပြန်ပါတယ်။

ဒါဟာ ၂၀၁၂-၁၃ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံတူ အသင်းတွေ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။

ထိုးစဥ်က ဒေါ့မွန်နဲ့ရီးရဲ၊ဘိုင်ယန်နဲ့ဘာစီလိုနာအသင်းတို့ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ကြပြီး ဗိုလ်လုပွဲကိုတော့ ဂျာမနီ ကလပ်နှစ်သင်း တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒါကြောင့် ယခုနှစ်မှာလည်း All Germany Final ဖြစ်မလား All Spain Final ဖြစ်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်။

Share

Loading Next Article...
က္က