၇ဂိုးနှင့်အထက်ပေးရတာ ၁၉၄၉နောက်ပိုင်း ပထမဆုံးဖြစ်ပါတယ်။
Kyaw Ko Ko Sint

ယခုနှစ်ဘောလုံးရာသီမှာတော့ ဘာစီလိုနာအသင်းဟာ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရပါပြီ။

ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲဟာ ၁၉၇၆ခုနှစ်နောက်ပိုင်း ပထမဆုံး ၅ဂိုးနှင့်အထက် အ‌ရေးနိမ့်တဲ့ပွဲလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက် ဂိုးတွေကိုတော့ မူလာက၂ဂိုး၊ပါရီဆစ်က ၁ဂိုး၊ဂနာဘရီ၁ဂိုး၊ကင်မစ်ရှ်၁ဂိုး၊လီဝန်၁ဂိုးနဲ့ ကော်တင်ဟို၂ဂိုးသွင်းပေးခဲ့ကြတာပါ။

ဘာကာအနေနဲ့ ၁၉၇၆ခုနှစ်တုန်းက ယူအီးအက်ဖ်အေဖလားမှာ လက်ဖ်ကီဆိုဖီယာအသင်းကို ၅-၄ဂိုးနဲ့ အရေးနိမ့် ပြီးနောက်အခုလို ၅ဂိုးနှင့်အထက် မရှုံးနိမ့်ဖူးတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၄၉ခုနှစ်နောက်ပိုင်း ဗလင်စီဘာကို ၇-၄ဂိုးရှုံးနိမ့်ပြီးနောက် ပြိုင်ဘက်ကို ၇ဂိုးပေးရတဲ့ ပထမဆုံး ပွဲ လည်း ဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းအတွက်‌တော့ ဘိုင်ယန်ကို အရှက်တကွဲရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်ပြီး ယခုနှစ်ရာသီ ဆုဖလား လက်မဲ့ ဖြစ်ခဲ့ရပါပြီ။

ဘိုင်ယန်မြူးနစ်အသင်းကတော့ ယခုနှစ်ရာသီ ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ အကောင်းဆုံး ရလဒ် ကို ပိုင်ဆိုင်ထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်မှာ မန်စီးတီး-လိုင်ယွန်ပွဲမှ အနိုင်ရအသင်းနဲ့ ကစားရမှာပါ။


Author


က္က