နာမည်ကျော်ကစားသမားနှစ်ဦးရဲ့ ကျဆုံးချိန်ကို ရောက်လာခဲ့ပါပြီ။

မက်ဆီရဲ့ ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်ကို ၈-၂ နဲ့ အရှက်ရဖွယ်အရေးနိမ့်ခဲ့ပြီး ကွာတားဖိုင်နယ်က ထွက်ခွာခဲ့ရကာ ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ်ကတော့ လိုင်ယွန်ကို ၁၆ သင်းအဆင့်မှာပဲ နှစ်ကျော့ပေါင်းရလဒ်ကြောင့် အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။


ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘို်င်ယန်မြူးနစ်ကို ရုပ်ပျက်ဆင်းပျက်အရေးနိမ့်ခဲ့ပြီး ဘာစီလိုနာတို့ ထွက်ခွာခဲ့ရတဲ့နောက် ၁၅ နှစ်အတွင်းမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို မက်ဆီ နဲ့ ရော်နယ်ဒိုတို့ မပါဝင်ဘဲ ယှဉ်ပြိုင်ကြရတော့မှာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကျော်ကစားသမားနှစ်ဦးရဲ့ နေဝင်ချိန်ကို ရောက်လာခဲ့ပြီဆိုတာကိုလည်း မီးမောင်းထိုးပြသလိုဖြစ်ခဲ့ရပါတယ်။ 

မက်ဆီရဲ့ ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်ကို ၈-၂ နဲ့ အရှက်ရဖွယ်အရေးနိမ့်ခဲ့ပြီး ကွာတားဖိုင်နယ်က ထွက်ခွာခဲ့ရကာ ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ်ကတော့ လိုင်ယွန်ကို ၁၆ သင်းအဆင့်မှာပဲ နှစ်ကျော့ပေါင်းရလဒ်ကြောင့် အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ၁၅ နှစ်အတွင်း အဆိုပါကစားသမားနှစ်ဦးမပါဝင်တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲတွေကို မြင်တွေ့ရတော့မယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

၂၀၀၄--၀၅ ဘောလုံးရာသီကစတင်ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို မက်ဆီ ဒါမှမဟုတ် ရော်နယ်ဒို ပါဝင်တဲ့ အသင်းတစ်သင်းက အမြဲတမ်းလိုလိုတက်ရောက်နိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ ဥရောပဘောလုံးလောကကိုပါ လွှမ်းမိုးခဲ့တဲ့ သူတို့နှစ်ဦးရဲ့အရှိန်အဝါက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးအနေနဲ့ ပွဲကြည့်ပရိသတ်အဖြစ်နဲ့သာ ရှိတော့မှာဖြစ်ပါတယ်။ 

အဆိုပါကာလအတွင်းမှာလည်း သူတို့နှစ်ဦးပေါင်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့မှုက ၉ ကြိမ်အထိ ရှိခဲ့ပြီးတော့ မက်ဆီက ၄ ကြိမ်၊ ရော်နယ်ဒိုက ၅ ကြိမ်ဖြစ်ပါတယ်။ ၁၅ နှစ်အတွင်းမှာ သူတို့နှစ်ပေါင်းရရှိခဲ့တဲ့ အောင်မြင်မှုက ထက်ဝက်ကျော်ခဲ့တာဖြစ်ပြီးတော့ ကြားထဲမှာ ဆုဖလားဆွတ်ခူးနိုင်တဲ့ အခြားအသင်းတွေရဲက အရေအတွက်က ၆ ကြိမ်သာရှိနေခဲ့တာဖြစ်ပါတယ်။

အသက်အရွယ်ရရှိလာခဲ့သလို ဘောလုံးလောကရဲ့ ထုံးစံအတိုင်း နိမ့်မြင့်တက်ကျပြောင်းလဲမှုတွေလည်း ရှိလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့လည်း ဆုဖလားလက်မဲ့ရာသီကိုပါ ရင်ဆိုင်သွားခဲ့ရပြီး ဂျူဗီကတော့ စီးရီးအေအမှတ်ပေးဖလားတစ်လုံးတည်းနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ 



က္က