ယူရိုပါလိဂ်မှာ ၂ပွဲဆက်တိုက်ဟက်ထရစ်သွင်းယူနိုင်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ပြိုင်ပွဲမှာ ဝုလ်ဗ်ကအိမ်ကွင်းမှာ အက်စ်ပန်ညိုကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး နောက်တဆင့်တက်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ ဝုလ်ဗ်အတွက် ဒီအိုဂိုဂျိုတာက ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့ပြီး သူ့အတွက်တော့ ယူရိုပါလိဂ်မှာ ၂ပွဲဆက်တိုက်ဟက်ထရစ်ရရှိခဲ့တာဖြစ်ပါတယ်။

ဂျိုတာဟာ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘက်ဆီးတပ်စ်နဲ့ပွဲမှာလည်း အသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ အက်စ်ပန်ညိုနဲ့ပွဲမှာလည်း ခြေစွမ်းထပ်ပြခဲ့ပြီးနောက် ၈ နှစ်အတွင်း ယူရိုပါလိဂ်မှာ နှစ်ပွဲဆက်တိုက်ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်လာခဲ့ပြီလို့ Optajoe က ဖော်ပြခဲ့ပါတယ်။

ဒီမှတ်တမ်းကို နောက်ဆုံးရရှိထားခဲ့သူကတော့ ရှော်လ်ကေးတိုက်စစ်မှူးဟောင်းဟန်တယ်လာဖြစ်ပြီး ၂၀၁၂ ခုနှစ်က ကစားခဲ့တဲ့ ဗစ်တိုရီးယားပယ်လ်ဇန်၊ အက်ဖ်စီတွမ်တီးတို့နဲ့ပွဲတွေမှာ ၂ပွဲဆက်တိုက် ဟက်ထရစ်ရယူခဲ့တာဖြစ်ပါတယ်။ ဂျိုတာက ဒီစံချိန်ကို လိုက်မီခဲ့သလို ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာလည်း အခြားကစားသမား ၃ဦးနဲ့ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နေပြီဖြစ်ပါတယ်။ 

ဖရန့်ဖတ်တိုက်စစ်ကစားသမား ကာမာဒါ၊ စပို့တင်းကစားသမား စပေါ်ယာ နဲ့ ရိန်းဂျားတိုက်စစ်မှူး အယ်လ်ဖာဒိုမိုရီလော့စ်တို့နဲ့ ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။ ဝုလ်ဗ်အနေနဲ့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့လို့ စပိန်မြေမှာ ကစားရမယ့် ဒုတိယအကျော့မှာ ၃ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရင်တောင် ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်တော့မှာဖြစ်ပါတယ်။ 



က္က