ဘာစီလိုနာနည်းပြသစ်အဖြစ် ရော်နယ်ကိုးလ်မန်းက ရေပန်းအစားဆုံးဖြစ်နေခဲ့တာပါ။
Win Kyaw Min

ဘာစီလိုနာအသင်းအနေနဲ့ ၀ါရင့်နည်းပြဗယ်ဗာဒီကို ရာထူးကထုတ်ပယ်ခဲ့ပြီးနောက် လက်ရှိမှာ နည်းပြဆက်တီ ယန်ကို ခန့်အပ်တာဝန်ပေးထားခဲ့တာလည်းဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်အသင်းနည်းပြရော်နယ်ကိုးလ်မန်းရဲ့ မှတ်ချက်ပြုပြောစကားအချို့အရ ဘာစီလိုနာအ သင်းအနေနဲ့ လက်ရှိနည်းပြဆက်တီယန်ကို ရာသီကုန်မှာလမ်းခွဲဖို့ ရှိလာနိုင်ပြီး နည်းပြသစ်တစ်ဦးခန့်အပ်တာဝ န်ပေးဖို့ရှိနေတယ်လို့ footballespana ရဲ့ အခိုင်အမာဖော်ပြချက်အရ သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ပြည်တွင်းပြိုင်ပွဲများတွင်သာ အောင်မြင်မှုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့နည်းပြ ဗယ်ဗာဒီကို လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ်ဆက်တီယန်ကို ခန့်အပ်တာဝန်ပေးထားခဲ့သော်လည်းအနာဂတ်ကာ လမှာ ချန်ပီယံလိဂ်အောင်မြင်မှုပြန်ရဖို့အတွက် နည်းပြအပြောင်းအလဲပြုလုပ်လိုနေတာလည်းဖြစ်ပါတယ်။



ဘာစီလိုနာကစားသမားဟောင်းတစ်ဦးဖြစ်တဲ့အပြင် လူငယ်ကစားသမားသစ်များမွေးထုတ်ရာတွင် ကျော်ကြား တဲ့ နယ်သာလန်နည်းပြရော်နယ်ကိုးလ်မန်းအနေနဲ့ အနာဂတ်ကာလမှာ ဘာစီလိုနာအသင်းနည်းပြဖြစ်လာဖို့ရှိ နေတယ်လို့ သတင်းဖော်ပြမှုတွေရှိိနေခဲ့တာပါ။

နည်းပြရော်နယ်ဒိုကိုးလ်မန်းကိုယ်တိုင်ကလည်း ၂၀၂၁ ခုနှစ်သို့ ရက်ရွှေ့ခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲအပြီး လက်ရွေး စင်အသင်းကို စွန့်ခွာပြီး ဥရောပထိပ်သီးအသင်းကြီးတစ်သင်းသင်းကို တာဝန်ယူကိုင်တွယ်ဖို့ရှိနေတယ်လို့အရိပ် အမြွတ်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ နည်းပြရော်နယ်ကိုးလ်မန်းတို့အကြား သတင်းထွက်ပေါ်မှုများက ပြီးခဲ့တဲ့ ဆောင်းရာသီအ ပြောင်းအရွှေ့ကာလတည်းက ရှိခဲ့တာဖြစ်ပြီး ညှိနှိုင်းမှုအချို့အရ ရော်နယ်ကိုးလ်မန်းအနေနဲ့ ယူရိုပြိုင်ပွဲပြီးတဲ့အ ထိ နိုင်ငံ့လက်ရွေးစင်အသင်းကို တာဝန်ယူလိုတဲ့ ဆန္ဒကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ကြန့်ကြာခဲ့ရတာဖြစ်တ ယ်လို့လည်း As.com က သုံးသပ်ဖော်ပြထားပြန်ပါတယ်။


က္က