လက်ထောက်နည်းပြရဲ့ ညွှန်ကြားချက်တွေကို လျစ်လျူရှုခဲ့တာပါ။
Pyae Phyo Thein

ပွဲအပြီးမှာလည်း အဝတ်လဲခန်းအတွင်း ဆက်တီယန်နဲ့ ဘာစီလိုနာအသင်းသားတွေကြားမှာ အချေအတင်ဖြစ်မှုတွေရှိခဲ့တယ်လို့သိရပြီး အခုထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲမှာတော့ မက်ဆီဟာ ဆက်တီယန်ရဲ့ နည်းစနစ်ပိုင်းညွှန်ကြားမှုတွေကို ဂရုမစိုက်ခဲ့ဘူးလို့ ယူဆခြင်းခံနေရပါတယ်။ 


ဆယ်လ်တာဗီဂိုနဲ့ ကစားခဲ့တဲ့ပွဲမှာ လီယွန်နယ်မက်ဆီဟာ နည်းပြဆက်တီယန်ရဲ့ လက်ထောက်ဖြစ်သူဆီက ညွှန်ကြားချက်တွေကို လျစ်လျူရှုနေတယ်လို့ ယူဆရတဲ့ ပုံရိပ်တွေထွက်ပေါ်လာခဲ့ပါတယ်။ Daily Mail က ဖော်ပြခဲ့တာဖြစ်ပြီး အနားပေးချိန်အတွင်းမှာ ဆက်တီယန်က အသင်းကို ညွှန်ကြားနေခဲ့ပေမယ့် မက်ဆီကတော့ အာရုံစိုက်နေခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ 

ဆယ်လ်တာနဲ့ပွဲကို နှစ်ဂိုးစီသရေကျခဲ့ပြီးနောက် ဘာစီလိုနာဟာ ရီးရဲလ်ရဲ့ ၂မှတ်ဖြတ်တောက်ခြင်းကို ခံခဲ့ရပြီး စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ပွဲအပြီးမှာလည်း အဝတ်လဲခန်းအတွင်း ဆက်တီယန်နဲ့ ဘာစီလိုနာအသင်းသားတွေကြားမှာ အချေအတင်ဖြစ်မှုတွေရှိခဲ့တယ်လို့သိရပြီး အခုထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲမှာတော့ မက်ဆီဟာ ဆက်တီယန်ရဲ့ နည်းစနစ်ပိုင်းညွှန်ကြားမှုတွေကို ဂရုမစိုက်ခဲ့ဘူးလို့ ယူဆခြင်းခံနေရပါတယ်။ 

ဆက်တီယန်ရဲ့ လက်ထောက်နည်းပြဆာရာဘီယာဟာဟာ မက်ဆီကို စကားပြောဆိုပြီး ညွှန်ကြားမှုတွေပြုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မက်ဆီက မသိချင်ယောင်ဆောင်နေခဲ့တယ်လို့ Daily Mail က သုံးနှုန်းဖော်ပြခဲ့ပါတယ်။ အဲဒီနောက် မက်ဆီဟာ ရေဘူးကိုယူသောက်ပြီး ပွဲပြန်လည်ကစားဖို့အတွက် ကွင်းအတွင်းကို ဝင်ရောက်သွားခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။ 

တွစ်တာမှာ ဖော်ပြခဲ့တဲ့ Bill eshun ဆိုသူရဲ့ ဗီဒီယိုဖိုင်မှာလည်း ဆက်တီယန်ရဲ့ လက်ထောက်နည်းပြဆာရာဘီယာဟာ မက်ဆီကို စကားပြောဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် မက်ဆီက လုံးဝလှည့်ကြည့်ခဲ့ခြင်းမရှိတာကိုလည်း တွေ့မြင်ရပါတယ်။ ဆာရာဘီယာအပေါ် မက်ဆီဘက်က လေးစားမှုမရှိခဲ့ဘူးလို့လည်း Bill Eshun က ရေးသားကာ ဝေဖန်သွားခဲ့ပါတယ်။ 



ဒါဟာ မက်ဆီနဲ့ နည်းပြဆက်တီယန်၊ နည်းပြအဖွဲ့တွေကြားမှာ ကတောက်ကဆတွေဖြစ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကိုလည်း ပိုမိုခိုင်မာလာစေခဲ့ပါတယ်။ မက်ဆီအနေနဲ့ ဘာစီလိုနာမှာ အဓိကအကျဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ်ရှိနေခဲ့တာဖြစ်ပြီး ဒီလိုပြုမူခဲ့မှုနဲ့ပတ်သက်ပြီးတော့ ဆက်တီယန်က တစ်ခွန်းတစ်ပါဒမှ ပြောဆိုခြင်းတော့မရှိသေးပါဘူး။ 


Author


က္က