၃၂သင်းအဆင့်မှာ ရှက်တာဒိုးနက်ခ်ကို ရင်ဆိုင်ကစားရမှာပါ။
Win Kyaw Min

ယူရိုပါလိဂ် ၃၂သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်အပြီးမှာ ဘင်ဖီကာအနေနဲ့ ရှုံးပွဲကြုံတွေ့ထားခဲ့တာပါ။

ပေါ်တူဂီထိပ်သီးကလပ်ဘင်ဖီကာအနေနဲ့ ပြည်တွင်းပွဲစဉ်များတွင် အောင်မြင်မှုအထိုက်အလျောက်ရရှိနေခဲ့ပေမ ယ့် ဥရောပပြိုင်ပွဲဘက်မှာတော့ နည်းပြဟောင်းရဲ့ ကျိန်စာဆိုးက ဆက်လက်လွှမ်းမိုးနေဆဲဖြစ်တဲ့အတွက် အော င်မြင်မှုရရှိဖို့ အခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဘင်ဖီကာအသင်းအနေနဲ့ ၁၉၆ဝဝန်းကျင်ကာလများတွင် ဥရောပပြိုင်ပွဲတွေအတွင်း ထိပ်သီးအသင်းတစ်သင်း အဖြစ်ရပ်တည်နိုင်ခဲ့သလို အောင်မြင်မှုတွေလည်းရရှိခဲ့ပေမယ့် ဂန္ထဝင်နည်းပြဘီလာဂတ်ဒ်မန်းရဲ့ ကျိန်စာကြော င့် ဒီကနေ့အချိန်အထိ အောင်မြင်မှုများရရှိဖို့ ရုန်းကန်နေရတာပါ။



wiki/Béla_Guttmann မှာဖော်ပြထားတဲ့ မှတ်တမ်းများအရ ၁၉၆၂ ခုနှစ်တွင် ဥရောပချန်ပီယံဖြစ်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ လုပ်ခလစာကို တိုးမြှင့်ပေးဖို့ ဂန္ထဝင်နည်းပြဘီလာဂတ်ဒ်မန်းက တောင်းဆိုခဲ့ပေမယ့် ငြင်း ဆန်ခံခဲ့ရတဲ့အတွက် နှစ်၁ဝဝအတွင်း ဥရောပမှာအောင်မြင်မှုမရစေရလို့ မှတ်ချက်ပြုပြောဆိုခဲ့တာလည်းဖြစ်ပါ တယ်။

ဘင်ဖီကာအသင်းဟာ ၁၉၆၀-၆၁၊ ၁၉၆၁-၆၂ ခုနှစ်များတွင် နှစ်နှစ်ဆက်တိုက် ဥရောပချန်ပီယံအဖြစ်ရပ်တည် နိုင်ခဲ့ပေမယ့် နည်းပြဘီလာဂတ်ဒ်မန်းနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် ဥရောပအဆင့်ပွဲစဉ်များတွင် နောက်ဆုံးဗိုလ်လုပွဲ အဆင့်သို့ ၈ကြိမ်အထိတက်ရောက်နိုင်ခဲ့ပေမယ့် ဒုတိယဆုနဲ့သာကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာလည်း ၂၀၁၉-၂၀ ဘောလုံးရာသီ ပေါ်တူဂီစူပါလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ဘင်ဖီကာအ သင်းအနေနဲ့ ယူရိုပါလိဂ် ၃၂သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ ယူကရိန်းကလပ်ရှက်တာဒိုးနက်ခ်ကို အရေးနိမ့်ထားခဲ့တဲ့အတွက် ၁၆သင်းအဆင့်ကိုရောက်ရှိဖို့အတွက် အခက်အခဲအချို့ရှိနေခဲ့ခြင်းကြောင့် နည်းပြ ဟောင်းရဲ့ ကျိန်စာဆိုးက ဆက်ပြီးအသက်ဝင်နေဆဲဖြစ်တယ်လို့ ပရိသတ်တွေအကြားသုံးသပ်မှုတွေရှိနေခဲ့တာ ပါ။


Author

  • Win Kyaw Min

က္က