ဂျူဗီကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အဝေးဂိုးကြောင့် နောက်တဆင့်ရောက်ခဲ့ပါတယ်။
Pyae Phyo Thein

ဒီပိုင်းရဲ့ အစောပိုင်းပယ်နယ်တီဂိုးရရှိခဲ့မှုက လိုင်ယွန်ကို နောက်တဆင့်ကို တက်ရောက်နိုင်စေခဲ့ပြီး ရော်နယ်ဒိုက ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းပေးခဲ့ပေမယ့် ဂျူဗီတို့ ထွက်ခဲ့ရပါတယ်။


ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ ၂-၁ နဲ့ အရေးနိမ့်ခဲ့ပေမယ့် အဝေးဂိုးကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့အပြီးမှာ သူ့ရဲ့နည်းပြဘဝမှာ အပျော်ရွှင်ရဆုံးရှုံးပွဲလို့ လိုင်ယွန်နည်းပြရူဒီဂါစီယာက ပြောဆိုလိုက်ပါတယ်။ ဒီပိုင်းရဲ့ အစောပိုင်းပယ်နယ်တီဂိုးရရှိခဲ့မှုက လိုင်ယွန်ကို နောက်တဆင့်ကို တက်ရောက်နိုင်စေခဲ့ပြီး ရော်နယ်ဒိုက ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းပေးခဲ့ပေမယ့် ဂျူဗီတို့ ထွက်ခဲ့ရပါတယ်။ 

ရိုးမားနည်းပြဟောင်းလည်းဖြစ်တဲ့ ဂါစီယာဟာ စီးရီးအေပြိုင်ဘက်ဟောင်းကို နှစ်ကျော့ပေါင်းရလဒ် ၂-၂ ဖြစ်အောင်ကစားနိုင်ခဲ့ပြီး အသင်းကို နောက်တဆင့်ပို့ပေးနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် အသင်းရှုံးပွဲကြုံခဲ့ရပေမယ့်လည်း ပျော်ရွှင်မိတယ်လို့ ဂါစီယာက ပြောဆိုခဲ့ပြီး အသင်းကိုလည်း ချီးကျူးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ 

"ကျွန်တော့်ရဲ့နည်းပြဘဝမှာ စိတ်ကျေနပ်မှုအရှိဆုံးအခိုက်အတန့်ဖြစ်ခဲ့ပါတယ်၊ ပထမပိုင်းမပြီးခင်မှာ ပယ်နယ်တီပြန်ပေးခဲ့ရလို့ ကျွန်တော်တို့အတွက် စိုးရိမ်ခဲ့ရပါတယ်၊ အဲဒီအချိန်ထိ ဂျူဗီက အန္တရာယ်မပေးနိုင်ခဲ့ဘဲ အဲဒါက ကျွန်တော့်ကစားသမားတွေကို ယုံကြည်မှုပေးခဲ့တာပါ၊ ရော်နယ်ဒိုက ဂိုးတွေသွင်းခဲ့ပြီး သူ့ရဲ့ချန်ပီယံလိဂ်ခြေစွမ်းကိုပြခဲ့ပါတယ်"

"ဒါပေမယ့်လည်း ကျွန်တော်တို့စိတ်အေးအေးထားနိုင်ခဲ့ပြီးတော့ လိုချင်တဲ့ရလဒ်ယူနိုင်ခဲ့ပါတယ်၊ အသင်းကို ကျွန်တော်ချီးကျူးပါတယ်၊ အဝေးကွင်းမှာ ထိန်းထိန်းသိမ်းသိမ်းကစားနိုင်ခဲ့ပြီးတော့ ကစားသမားတိုင်းက ဘောလုံးမဆုံးရှုံးအောင် ကစားခဲ့ပါတယ်၊ ခံစစ်ပိုင်းကလည်း တောင့်တင်းခဲ့ပြီးတော့ ဒီမှာလာကစားရတာက အရမ်းခက်ခဲခဲ့ပါတယ်" လို့ Sky Italia ကို ဂါစီယာက ပြောဆိုခဲ့ပါတယ်။

ဂျူဗီကတော့ အသင်းသမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ၁၆ သင်းအဆင့်မှာ ပြင်သစ်ကလပ်အသင်းတစ်သင်းကြောင့် လှည့်ပြန်ခဲ့ရတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ လိုင်ယွန်ကတော့ ပီအက်စ်ဂျီနဲ့ ဖလားလုပွဲအဖြစ် မိနစ် ၁၂၀ အထိကစားခဲ့ရပေမယ့် တူရင်မှာတော့ ဂျူဗီကို အကောင်းဆုံးတုံ့ပြန်သွားနိုင်ခဲ့ပါတယ်။ 


Author


က္က