အဆိုပါ ပင်နယ်တီကြောင့်သာ အင်္ဂလန်က အိုက်စလန်ကို ၁-၀နဲ့ အနိုင်ရခဲ့တာပါ။

စတားလင်းဟာ အင်္ဂလန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ဂိုးထိသွင်းပေးထားနိုင်ပြီး နောက်ဆုံး ကစားထားတဲ့ ၁၂ပွဲမှာ ၁၁ဂိုးသွင်းကာ ၆ဂိုးထိ ဖန်တီးပေးထားနိုင်သူပါ။

အိုက်စလန်အသင်းနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဥ်မှာ အင်္ဂလန်အသင်းက ၁-၀ ဂိုး ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။



အဆိုပါ အနိုင်ဂိုးကိုတော့ ပင်နယ်တီကတဆင့် တိုက်စစ်မှူး စတားလင်းက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒီဂီုးဟာ လည်း စတားလင်းအတွက် ပထမဆုံး နိုင်ငံအတွက် သွင်းယူပေးနိုင်ခဲ့တဲ့ ပင်နယ်တီ သွင်းဂိုးလည်း ဖြစ်လာခဲ့ပါ တယ်။

ဗြိတိန်ဒါဘီပွဲဖြစ်လို့ အင်္ဂလန်အတွက် အိုက်စလန်နဲ့တွေ့တဲ့ပွဲက လွယ်လွယ်ကူကူမဖြစ်ခဲ့ပဲ ပင်နယ်တီကိုလည်း ပွဲပြီးချိန်မိနစ် ၉၀ပြည့်လို့ ၁မိနစ်ကျမှ ရရှိခဲ့တာပါ။

အင်္ဂလန်အသင်းကတော့ အခုပွဲ ၁-၀နဲ့ နိုင်လိုက်လို့ နောက်ဆုံး ၃ပွဲဆက် နေးရှင်းလိဂ် အနိုင်ရရှိခဲ့ပေမယ့် ပွဲစဥ် တိုင်းမှာ တစ်ဂိုးအသာနဲ့သာ အနိုင်ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဥ်တုန်းက စပိန်ကို ၃-၂၊ခရိုအေးရှားကို ၂-၁တို့နဲ့ အနိုင်ရရှိခဲ့သလို အခုလည်း အိုက်စလန် ကို ၁-၀နဲ့သာ အနိုင်ရခဲ့တာပါ။

အခုပွဲမှာ ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့တဲ့ စတားလင်းကတော့ အင်္ဂလန်အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၃ဂိုး သွင်းပေးထားနိုင်ပြီး နောက်ဆုံး ကစားထားတဲ့ ၁၂ပွဲမှာ ၁၁ဂိုးသွင်းပြီး ၆ဂိုးထိ ဖန်တီးပေးထားနိုင်သူပါ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ်ကတော့ အိုက်စလန်နဲ့ပွဲမှာ လူငယ်ကစားသမားတွေ ဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ဖိုဒန်တို့ကို လည်း ပွဲထွက် ကစားစေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က