ဆန်ချိုအတွက် ဒေါ့မွန်က အနည်းဆုံး ပေါင်သန်း ၁၀၀နှင့်အထက် အလိုရှိနေတာပါ။

ယူနိုက်တက်အသင်းက စိတ်ဝင်စားနေတဲ့ အင်္ဂလန် လက်ရွေးစင် ဆန်ချိုအနေနဲ့ အသင်းမှာ ဆက်ရှိနေမယ်လို့ ဒေါ့မွန်အသင်းက ယုံကြည်မှု တစ်နေ့ထက်တစ်နေ့ ပိုမို မြင့်မားလာနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေး တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သည့် တိုင် ဒါဟာ တရားဝင် နှစ်ဖက် သဘောတူညီမှု မဟုတ်တဲ့အတွက် ကစားသမားအနေနဲ့ ဘယ်ကိုမှ မရောက်ပဲ အသင်းမှာသာ ဆက်ရှိနေမယ်လို့လည်း ဒေါ့မွန်အသင်းက ထုတ်ဖော်ပြောထားပါတယ်။



ယူနိုက်တက်အသင်းက အလိုရှိနေပေမယ့် ဒေါ့မွန်အသင်းကလည်း ဆန်ချိုကို ရောင်းဖို့ အစီအစဥ်မရှိတာကြောင့် ယူနိုက်တက်အနေနဲ့ အခြားသော ပစ်မှတ်တွေကို လွှဲပစ်ဖို့ ကြိုးပမ်းနေရပါတယ်။

ဒေါ့မွန်အသင်းအနေနဲ့ ဆန်ချိုကို မန်စီးတီးအသင်းကနေ ၂၀၁၇ခုနှစ်ကနေ ခေါ်ယူခဲ့စဥ်က ပေါင် ၁၀သန်းသာ ပေးချေခဲ့ရပေမယ့် အခု ပြန်ရောင်းဖို့ လုပ်ဆောင်ရာမှာတော့ အနည်းဆုံး ပေါင် သန်း ၁၀၀နှင့်အထက် အလိုရှိ လာတာပါ။

ဒီပမာဏက ပရိသတ်မရှိပဲ ကစားနေရတဲ့ ကိုဗစ်ကာလမှာ တစ်ပွဲကစားတိုင်း ပေါင် ၅သန်း ရှုံးနေတဲ့ ယူနိုက်တက် အတွက် ဘယ်လိုမှ ပေးချေဖို့ မဖြစ်နိုင်သေးတဲ့ ပမာဏ ဖြစ်နေတယ်လို့လည်း BBC SPORTက ဖော်ပြလာပါတယ်။

လက်ရှိမှာလည်း ယူနိုက်တက်က အဓိက ကစားသမား ခေါ်ယူမှုအဖြစ် အေးဂျက်အသင်းက ဒိုနီဗန်ဒီဘိခ်တစ်ဦး တည်းသာ ခေါ်ယူထားနိုင်ပြီး အပြောင်းအရွှေ့က လာမယ့် ‌အောက်တိုဘာ ၅ရက်နေ့မှာ ပိတ်တော့မှာပါ။

နောက်ထပ် ကစားသမားသစ်ခေါ်ယူဖို့ကလည်း အသင်းမှာရှိနေတဲ့ ကစာသမားတွေထဲက အရောင်းစာရင်းတင် သွင်းထားတဲ့ ကစားသမားအချို့ ရောင်းထွက်ဖို့ လိုနေတာပါ။

Share

Loading Next Article...
က္က