အသင်းအတွက် ၂ဂိုးသွင်းကာ ၁ကြိမ်ဖန်တီးပေးခဲ့ပါတယ်။
Pyae Phyo Thein

ကော်တင်ဟိုဟာ ဘာစီလိုနာကနေ ဘိုင်ယန်ကို အငှားနဲ့လာရောက်ကစားနေသူဖြစ်ပြီး ပုံမှန်ကစားခွင့်ဆုံးရှုံးနေကာ အသင်းဟောင်းနဲ့ပွဲမှာ လူစားဝင်ခဲ့ပြီး ၂ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းကို ၈-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘိုင်ယန်အတွက် လူစားဝင်လာခဲ့ပြီး ၂ဂိုးသွင်းယူပေးခဲ့တဲ့ ကော်တင်ဟိုက ပွဲအပြီးမှာ ပျော်ရွှင်မိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာကနေ ဘိုင်ယန်ကို အငှားနဲ့လာရောက်ကစားနေသူဖြစ်ပြီး ပုံမှန်ကစားခွင့်ဆုံးရှုံးနေကာ အသင်းဟောင်းနဲ့ပွဲမှာ လူစားဝင်ခဲ့ပြီး ၂ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ 

ဘရာဇီးလ်ကစားသမားအနေနဲ့ နူးကမ့်မှာခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အငှားချခံခဲ့ရပြီး အပြီးသတ်ရောင်းချသွားဖို့ပါ ဘာစီလိုနာက စီစဉ်ထားတာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားက မိခင်ကလပ်အသင်းနဲ့ ပြန်လည်ဆုံတွေ့မှုမှာ နှစ်ဂိုးသွင်းကာ တစ်ကြိမ်ဖန်တီးပေးခဲ့ပြီးတော့ ဆိုးရွားတဲ့ ဂိုးပြတ်အရေးနိမ့်မှုကို ရင်ဆိုင်ခဲ့ရမှုမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ 

ဂိုးသွင်းပြီးနောက် အောင်ပွဲခံခြင်းတော့မပြုလုပ်ခဲ့တဲ့ ကော်တင်ဟိုက "ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းနှစ်သင်းအတွက် အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တာပါ၊ ပျော်ရွှင်မိပါတယ်" လို့ ကော်တင်ဟိုက ကွင်းထဲက မထွက်ခွာခင်မှာပြောဆိုခဲ့တယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ ကော်တင်ဟိုကိုယ်တိုင်လည်း အသင်းအတွက် ပျော်ရွှင်နေတာကို ဖုံးဖိမရဖြစ်နေခဲ့ပါတယ်။ 

ကော်တင်ဟိုဟာ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် ၅၄ ပွဲကစားပေးပြီး ၁၁ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ပေါင် ၁၄၂ သန်းပေးချေကာ ခေါ်ယူခဲ့တဲ့ ကစားသမားဆီက လုံလောက်တဲ့ခြေစွမ်းမျိုးမရရှိဘူးလို့ ဘာစီလိုနာအသင်းက ယူဆခဲ့ပြီးနောက် ပြန်လည်ရောင်းချဖို့ကြိုးစားမှုမအောင်မြင်ခဲ့ဘဲ အငှားသာချထားနိုင်ခဲ့ပါတယ်။ 

ကော်တင်ဟိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲပြီးဆုံးပါက ဘာစီလိုနာကို ပြန်လည်သွားရောက်ရတော့မှာဖြစ်ပြီး သူ့ကို အပြီးသတ်ခေါ်ယူမှာမဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်က အတည်ပြုထားပြီးဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကော်တင်ဟိုက အသင်းသစ်ရှာဖွေနေရပြီး ပရီးမီးယားလိဂ်ကို နောက်တစ်ကြိမ်လာရောက်ကစားဖို့ နီးစပ်နေတယ်လို့လည်း သိရပါတယ်။ 


Author


က္က