မန်ယူအသင်းမှာ ပြီးခဲ့တဲ့ တစ်ရာသီလုံး အရန်ကစားသမားအဖြစ်သာ ရှိနေခဲ့တာပါ။

ဆန်းချက်တော့ ချီလီအသင်းအတွက်ဇန်နဝါရီလနောက်ပိုင်း ပထမဆုံး ဂိုးပြန်သွင်းနိုင်ခဲ့ပြီးအဆိုပါ ပွဲက ခြေစွမ်းအပေါ်မှာ နည်းပြ ရူအီဒါက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ ယုံကြည်ခဲ့တာပါ။

ချီလီအသင်းက ဂျပန်အသင်းကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ ကိုပါအမေရိက အုပ်စုပွဲစဉ်အပြီးမှာတော့ ချီလီနည်းပြ ရူအီဒါက အသင်းရဲ့ တိုက်စစ်မှူး ဆန်းချက်ရဲ့ ခြေစွမ်းအပေါ် သုံးသပ်မှု ပြုလုပ်ခဲ့တဲ့ အကြောင်း Sportskeeda သတင်းဌာနကဖော်ပြလာပါတယ်။



ဆန်းချက်ကတော့ အဆိုပါ ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့ပြီး ဇန်နဝါရီနောက်ပိုင်း နိုင်ငံအသင်းအ တွက်ပထမဆုံး ဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့တာပါ။

ရူအီဒါကတော့ ဆန်းချက်ရဲ့ ခြေစွမ်းအပေါ် ကျေနပ်နေခဲ့ပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပြီလို့ သုံးသပ်ခဲ့ပါတယ်။

“ ဆန်းချက် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပါပြီ။ လာမယ့်ပွဲမှာလည်း သူ့ဆီက ကောင်းမွန်တဲ့ ရလဒ်တစ်ခု လိုချင်ပါသေးတယ်။ ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာတာလည်း ကောင်းမွန်နေပါပြီ။” လို့ သတင်းစာရှင်းလင်းပွဲမှာ ရူအီဒါက ပြောသွားခဲ့တာပါ။

ဆန်းချက်ကတော့ မန်ယူအသင်းမှာ ဒူးဒဏ်ရာရပြီးကတည်းက နောက်ပိုင်းပွဲတွေမှာ အရန်ကစားသမား အဖြစ်သာ ကစားခွင့်ရနေခဲ့သူပါ။


ဆက်စပ်အကြောင်းအရာများ



က္က