အယူခံ အောင်မြင်ခဲ့တာပါ။
Kyaw Ko Ko Sint

ဘိုရီဆော့နဲ့ ပထမကျော့ ၃၂ သင်းအဆင့်ပွဲမှာ အနီကဒ် ထိခဲ့လို့ ၃ ပွဲပယ်ပြစ်ဒဏ်ကျခံနေရရာမှ အာဆင်နယ်အသင်းရဲ့ အယူခံကြောင့် တစ်ပွဲလျော့ပေးခဲ့ပြီဖြစ်လို့ လာမယ့် ရင်းနက်စ်နဲ့ပွဲမှာ ပြန်လည် ပါဝင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး လာကာဇက်တီကတော့ မနက်ဖြန်မှာ ကစားမယ့် ရင်းနက်စ်အသင်းနဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပြန်လည်ပါဝင်ခွင့်ရပြီလို့ The Sun သတင်းဌာနက ဖော်ပြ ပါတယ်။


ဘိတ် ဘိုရီဆော့အသင်းနဲ့ ပထမအကျော့အဖြစ် ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့်မှာ ပွဲကစားချိန် ၈၅ မိနစ်အရောက် လာကာဇက်တီ တစ်ယောက် တိုက်ရိုက်အနီကဒ် ထိခဲ့ပါတယ်။ ဒီအနီကဒ် ပြစ်ဒဏ်ကြောင့် လာကာဇက်တီကို ယူအီးအက်ဖ်အေက ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့လို့ ဘိုရီဆော့နဲ့ ကစားခဲ့တဲ့ ဒုကျော့ပွဲအပါအဝင် ရင်းနက်စ်နဲ့ ကစားခဲ့တဲ့ ၁၆သင်းအဆင့် ပကျော့ပွဲကိုပါ လာကာဇက်တီ လွဲချော်ခဲ့ရပါတယ်။

အဆိုပါ ၃ ပွဲပယ် ပြစ်ဒဏ်ကို အာဆင်နယ်အသင်းအနေနဲ့ အယူခံ ဝင်ခဲ့ရာမှာတော့ ၂ ပွဲပယ် ပြစ်ဒဏ်အထိ လျော့ချခွင့်ရခဲ့ပြီး လာကာဇက်တီအနေနဲ့လည်း ၂ ပွဲပယ်ပြစ်ဒဏ်ကို ခံယူပြီး ဖြစ်လို့ လာမယ့် ရင်းနက်စ်နဲ့ပွဲမှာ စတင်ပါဝင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

ပထမအကျော့ အဝေးကွင်းမှာ ရင်းနက်စ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုှုံးနိမ့်ခဲ့လို့ အိမ်ကွင်းမှာ အနည်းဆုံး ၂ ဂိုးပြတ် ပြန်နိုင်မှသာ နောက်တဆင့်ကို တက်ရောက်နိုင်မယ့် အာဆင်နယ်အတွက် လာကာဇက်တီရဲ့ အယူခံအောင်မြင်ခဲ့မှုက ဝမ်းသာစရာ ဖြစ်လာပါတယ်။ အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် အဆင့် ၄ လုပွဲအဖြစ် မန်ယူနဲ့ ကစားခဲ့ရာမှာတော့ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့လို့ အဆင့် ၄ နေရာကို ပိုင်ဆိုင်ထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က