ဂျူဗင်တပ်အနေနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၃တွင် လိုကိုမိုးတစ်မော်စကိုအသင်းကို ရင်ဆိုင်ရဖို့ရှိနေတာပါ။

နာပိုလီနည်းပြဟောင်းဆာရီအနေနဲ့ဂျူဗင်တပ်အသင်းကိုရှုံးပွဲမရှိရလဒ်ရရှိအောင်စွမ်းဆောင် ပေးထားနိုင်ခဲ့သူပါ။

စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အပြင် ချန်ပီယံလိဂ်တွင်လည်း ရလဒ်ကောင်းရရှိနေတဲ့ ဂျူဗင်တပ် အသင်းရဲ့ အဓိကတိုက်စစ်မှူးစီရော်နယ်ဒိုက နည်းပြသစ်ဆာရီကို ချီးကျူးခဲ့ပြီး နည်းစနစ်ကောင်းတွေကြောင်း အသင်းပိုပြီးတိုးတက်လာတယ်လို့ ပြောဆိုမှုကို Dailymail ကဖော်ပြလာပါတယ်။

ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် အက်သလက်တီကို၊ လေဗာကူဆင်၊ လိုကိုမိုးတစ်မော်စ ကိုအသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်နေခဲ့ပေမယ့် ရှုံးပွဲမရှိရလဒ်ရရှိထားသလို စီးရီးအေပြိုင်ပွဲတွင်လည်း ၈ပွဲကစားပြီးရာမှာ ၇ပွဲနိုင် ၁ပွဲသရေရလဒ် ရရှိထားခဲ့တာပါ။



“ ရာသီအစမှာအပြောင်းအလဲဖြစ်ခဲ့တယ်။ နည်းစနစ်ပိုင်းအပြောင်းအလဲဖြစ်ခဲ့သလို ကစားသမားသစ်အချို့လ ည်းရောက်လာခဲ့တယ်။ နည်းပြဆာရီရဲ့ နည်းစနစ်ပိုင်းတွေကလည်း အသင်းအတွက်အံဝင်ခဲ့တယ်လို့ဆိုရမှာပါ။ ပိုပြီးလွတ်လွတ်လပ်လပ်ကစားခွင့်ရရှိခဲ့သလို ခြေစွမ်းပြနိုင်တဲ့အတွက်လည်း ကျေနပ်မိပါတယ်။ သေချာတာတစ် ခုကတော့ နည်းပြဆာရီကြောင့် တိုးတက်မှုတွေရှိလာတယ်ဆိုတာပါပဲ ” လို့ စီရော်နယ်ဒိုက ဆိုလိုက်တာပါ။

နည်းပြဆာရီဟာ ပြည်တွင်းပွဲစဉ်တွေရလဒ်အကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့သလို ခံစစ်တိုက်စစ်မျှတအောင် တည်ဆောက်ထားနိုင်ခဲ့တဲ့အတွက် အခုနှစ်ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ချန်ပီယံလောင်းအသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီအပြီးတွင် ချန်ပီယံလိဂ်အောင်မြင်မှုရရှိရေးအတွက် နည်းပြ အယ်လီဂရီကို လမ်းခွဲခဲ့ပြီးတဲ့နောက် ချဲလ်ဆီးအသင်းနဲ့အတူ ယူရိုပါလိဂ်ရရှိခဲ့တဲ့ နာပိုလီနည်းပြဟောင်းဆာရီကို နည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့တာလည်းဖြစ်ပါတယ်။



က္က