loading...

loading...

loading...

အသင်းကို ကြီးမားတဲ့အပြောင်းအလဲပြုလုပ်စေချင်နေတာပါ။
Kg Htet

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ နည်းပြ အယ်လီဂရီရဲ့နည်းဗျူဟာနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပြီး အသင်းကို ကြီးမားတဲ့အပြောင်းအလဲတွေ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့ညက အေဂျက်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ် အိမ်ကွင်းမှာ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ကိုင်မြှောက်ပြီးနောက် နောက်ထပ်ရယူဖို့ ကြိုးပမ်းနေတဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ကြိုးပမ်းမှုဟာ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီက ယူရို ၁၁၂ သန်းနဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ မျှော်လင့်ချက်နဲ့ ရော်နယ်ဒိုကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆုံးအဖြတ်သွင်းဂိုးတွေ သွင်းယူပေးခဲ့ပြီး ခေါ်ယူခဲ့ရတာ ထိုက်တန်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် အလွန်ဝမ်းနည်းနေကြောင်း ရော်နယ်ဒိုရဲ့မိခင် ဒိုလိုရက်စ်အေဗဲရိုးရဲ့ပြောကြားချက်အရ သိရပါတယ်။

“သူ အရမ်းဝမ်းနည်းနေပါတယ်။ သူ ဗိုလ်လုပွဲအထိ တက်ရောက်ချင်ခဲ့တာပါ။ အဲဒါက နောက်ထပ်တစ်သင်းအတွက် ဖြစ်သွားပါလိမ့်မယ်။ သူ ကျွန်မကို ဘာပြောခဲ့လဲဆိုတော့ ‘အမေ၊ သား ထူးခြားဆန်းကြယ်တာတွေ မလုပ်နိုင်ခဲ့ဘူး’လို့ ပြောခဲ့ပါတယ်”လို့ Gazzetta dello Sport ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က