ဂျူဗင်တပ်အသင်းအနေနဲ့ လက်ရှိအမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တာပါ။
Win Kyaw Min

အီတလီနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို အဆိုးရွားဆုံးကူးစက်ခံထားရတဲ့အတွက် ကျန်ရှိနေတဲ့အား ကစားပွဲစဉ်အားလုံးဖျက်သိမ်းရန် စီစဉ်နေတာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းပရိသတ်တွေအနေနဲ့ လက်ကျန်စီးရီးအေပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုတော့ဘဲ ချ န်ပီယံအဖြစ် သတ်မှတ်ပေးလာနို်င်တဲ့အခြေအနေကို ငြင်းဆန်ပယ်ချဖို့အသင့်ရှိနေပြီး လက်ရှိအတိုင်းဆက်ပြီးသ တ်မှတ်ထားပေးဖို့အတွက် တောင်းဆိုမှုများပြုလုပ်ဖို့ရှိနေတယ်လို့ as.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီအီတလီစီးရီးအေပွဲစဉ်တွေအနေနဲ့ ပွဲစဉ် ၂၆ပွဲအထိသာ ကစားထားခဲ့ရတာဖြစ်ပြီး ရာ သီကုန်ဆုံးဖို့အတွက် ကျန်ရှိနေသေးတဲ့ လက်ကျန်ပွဲစဉ်၁၂ပွဲကို ဆက်လက်မကျင်းတော့ဘဲ လက်ရှိအမှတ်ပေး ဇယားထိပ်မှာဦးဆောင်နေတဲ့ ဂျူဗင်တပ်အသင်းကို ချန်ပီယံအဖြစ်သတ်မှတ်ပေးဖို့ရှိနေတာလည်းဖြစ်ပါတယ်။



“ ပရိသတ်တွေအနေနဲ့ ချန်ပီယံအဖြစ်သတ်မှတ်ပေးလိုတဲ့အခြေအနေကို လက်မခံကြဖို့ရှိနေပါတယ်။ ပရိသတ် အချို့ကဆိုရင် ပြိုင်ပွဲကိုဆက်မကစားဘဲဆုံးဖြတ်ခဲ့တဲ့အတိုင်း ဆက်ထားဖို့အထိတောင်းဆိုခဲ့တာပါ ”လို့ ဂျူဗင် တပ်အသင်းဥက္ကဋ္ဌအန်နယ်လီက ဆိုခဲ့တာပါ။

အီတလီစီးရီးအေချန်ပီယံဆုကို ၃၅ကြိမ်ရရှိထားပြီး ၂၀၁၁-၁၂ ဘောလုံးရာသီနောက်ပိုင်း ၈နှစ်ဆက်တိုက်ရရှိ ထားတဲ့ ဂျူဗင်တပ်အသင်းအနေနဲ့ လက်ရှိဘောလုံးရာသီမှာလည်း ပွဲစဉ် ၂၆အပြီး အဓိကပြိုင်ဘက်လာဇီယို အသင်းကို ရမှတ်တစ်မှတ်ဖြတ်ထားပြီး အဆင့်-၁နေရာမှာရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်ပရိသတ်အများစုအနေနဲ့ လက်ကျန်ပွဲစဉ်တွေကို ကျင်းပနိုင်တဲ့အခြေအနေတစ်ရပ်ရောက်မှပြန်လည် ကျင်းပဖို့ အလိုရှိနေတာဖြစ်ပြီး ပွဲစဉ်အားလုံးဖျက်သိမ်းခဲ့ပါကလည်း ချန်ပီယံမရှိတဲ့ ပြိုင်ပွဲအဖြစ်သတ်မှတ်ပေးရန် တောင်းဆိုမှုအချို့ပြုလုပ်နေတာဖြစ်ပြီး ပြိုင်ဘက်ပရိသတ်တွေရဲ့ ချီးကျူးမှတ်ချက်ပြုမှုကိုခံနေရတယ်လို့လည်း သတင်းဖော်ပြမှုတွေအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က