ပွဲအပြီးမှာ ဂျာစီချင်းလဲလှယ်ခဲ့လို့ပါ။

ပြန်လည်စတင်ကစားမယ့် ဘောလုံးပွဲတွေအတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က စည်းကမ်းတွေသတ်မှတ်ခဲ့ရာမှာတော့ ကစားသမားတွေအနေနဲ့ သူတို့ရဲ့ဂျာစီတွေကို လဲလှယ်ခြင်းကနေ ရှောင်ကျဉ်ရမယ်လို့ တားမြစ်ထားတာဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူးနေမာဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပွဲပယ်ခံရနိုင်တဲ့အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ လိုက်ဇစ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ နေမာက ဂျာစီချင်းလဲလှယ်မှုပြုလုပ်ခဲ့တာကြောင့်ဖြစ်ပြီးတော့ ဒါဟာ ယူအီးအက်ဖ်အေက ချမှတ်ထားတဲ့ စည်းမျဉ်းကို ဖောက်ဖျက်ခဲ့တာလည်းဖြစ်ပါတယ်။ 

ပြန်လည်စတင်ကစားမယ့် ဘောလုံးပွဲတွေအတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က စည်းကမ်းတွေသတ်မှတ်ခဲ့ရာမှာတော့ ကစားသမားတွေအနေနဲ့ သူတို့ရဲ့ဂျာစီတွေကို လဲလှယ်ခြင်းကနေ ရှောင်ကျဉ်ရမယ်လို့ တားမြစ်ထားတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက်အခဲတွေကြားကနေ ကျင်းပရချိန်မှာ တင်းကျပ်တဲ့စည်းမျဉ်းတွေကို ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

စည်းကမ်းဖောက်ဖျက်တဲ့ ကစားသမားတွေကို ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးစည်းမျဉ်းတွေနဲ့အညီ အရေးယူလို့ ရရှိပြီး နေမာအတွက်တော့ ဗိုလ်လုပွဲကို လွဲချော်နိုင်တဲ့ အခြေအနေမျိုးကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ နေမာဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တို့မှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် အသင်းတိုက်စစ်ပိုင်းအတွက် အရေးပါတဲ့ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ရသူဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ ဘိုင်ယန်-လိုင်ယွန်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လိုင်ယွန်နဲ့ ရင်ဆိုင်ရမယ်ဆိုပါက နေမာမပါဝင်နိုင်ခဲ့ရင်တောင် ပီအက်စ်ဂျီအတွက်တော့ သိပ်ပြီးစိုးရိမ်စရာမရှိပေမယ့် ဘို်င်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ နေမာမပါဝင်နိုင်တာက ကြီးမားတဲ့အားနည်းချက်ဖြစ်လာမှာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ဘက်က တစ်စုံတစ်ရာပြောဆိုထားမှုမရှိသေးဘဲ နေမာ လွဲချော်နိုင်ဖွယ်ရှိတယ်လို့သာ သတင်းဌာနအများအပြားက ဖော်ပြနေခဲ့ကြတာဖြစ်ပါတယ်။ 



က္က