loading...

loading...

loading...

ပဲလေ့စ်ကို အိမ်ကွင်းမှာ ၂-၃နဲ့ ရှုံးနိမ့်အပြီး ပြောသွားတာပါ။
Kyaw Ko Ko Sint

အာဆင်နယ်အသင်းရဲ့ ဒီရာသီ အဓိကပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်(သို့) ယူရိုပါလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ ဖြစ်တယ်လို့ အူနိုင်း အမ်မရီက ပြောသွားပါတယ်။

ပဲလေ့စ်ကို အိမ်ကွင်းမှာ ၂-၃ နဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနည်းငယ် အခက်အခဲ ဖြစ်သွားရတဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကမိမိတို့ လက်ထဲမှာပဲ ရှိတယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ကြောင်း 90 MIN သတင်းက ဖော်ပြပါတယ်။ သြဂုတ်လကတည်းက ပရီးမီးယားလိဂ် အိမ်ကွင်းရှုံးပွဲ လုံးဝမရှိတော့တဲ့ အာဆင်နယ်အတွက်တော့ အခုရှုံးပွဲက သြဂုတ်လနောက်ပိုင်း ပထမဆုံး ရှုံးပွဲဖြစ်လာခဲ့ပါတယ်။

“စိတ်ပျက်ဖွယ်ရာပါပဲ၊ အခွင့်အရေးကောင်းတစ်ခု လက်လွှတ်ဆုံးရှုံးလိုက်ရတာပါ၊ ဒါပေမယ့် ကျွန်တော်တို့မှာ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်က ကျွန်တော်တို့ လက်ထဲမှာပဲ ရှိနေပါသေးတယ်။” လို့ အူနိုင်းက ပြောသွားတာပါ။

ဆက်လက်ပြီး အူနိုင်းက အာဆင်နယ်အသင်းရဲ့ ဒီရာသီ အဓိကပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့် (သို့) ယူရိုပါလိဂ် ချန်ပီယံဖြစ်ဖို့ပါလို့ ပြောခဲ့ပြီး ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့လို့လည်း မိမိတို့ရဲ့ ရည်မှန်းချက်ကို အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါသေးတယ်။ အာဆင်နယ်အသင်းအနေနဲ့ လက်ရှိမှာတော့ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ဒီညမှာ ကစားမယ့် ချဲလ်ဆီးအသင်းသာ ဘန်လေကို အနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၅ နေရာကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။


loading...

က္က