ပြိုင်ပွဲဝင် အသင်း ၈၀ ကနေ ၉၆ သင်းအထိ ပါဝင်လာဖို့ ရှိတယ်လို့လည်း သိရပါတယ်။
Kyaw Ko Ko Sint

ဥရောပကလပ်ပြိုင်ပွဲကျင်းပရေး ကော်မတီက လက်ရှိမှာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ရပ်ကို ကျင်းပနေပြီး လာမယ့် ၂၀၂၁ ခုနှစ်က စတင်ပြီးတော့ နောက်ထပ် ပြိုင်ပွဲတစ်ရပ်ကို ထပ်မံ ကျင်းပသွားမှာ ဖြစ်ပါတယ်။



Photo - BBC SPORTS

 

တတိယမြောက် ဥရောပအဆင့် ကလပ်ပြိုင်ပွဲကို လာမယ့် ၂၀၂၁ ခုနှစ်ကနေ စတင်ပြီး ထပ်တိုးကျင်းပသွားတော့မယ်လို့ ဥရောပ ကလပ်အသင်း ပြိုင်ပွဲကျင်းပရေး ကော်မတီက အတည်ပြုလိုက်ပါပြီ။

တစ်နှစ်တာအကောင်းဆုံးအသင်းအတွက် ပဏာမစာရင်းတောင် မပါခဲ့ကြသူများ 

အဆိုပါ အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ အန်ဒရီယာက " အစိမ်းရောင် အလင်းတန်းကတော့ သိသာစွာ တောက်ပလာတော့မှာပါ။" လို့ ပြောခဲ့ပါတယ်။

Photo - ecodiario.eleconomista.es

 

ဒါပေမယ့် ပြိုင်ပွဲကို ဘယ်လိုပုံစံမျိုး ကျင်းပသွားမယ်ဆိုတာကိုတော့ အတိအကျ မထုတ်ပြန်သေးပဲ လက်ရှိ လူစိတ်ဝင်စားတဲ့ အနေအထားတွေ အပေါ်မှာ အခြေခံ ကျင်းပသွားမယ်လို့တော့ ဆိုပါတယ်။

ခရိုအေးရှားမှာ ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးမှာ - " ပြိုင်ပွဲဝင်ကလပ်တွေကတော့ အများကြီး တိုးပြီး ယှဉ်ပြိုင်စေမှာပါ။ ခန့်မှန်းခြေ ၈၀ ကနေ ၉၆ သင်းလောက်အထိ ပါဝင်လာဖို့ ရှိပါတယ်။" လို့ ၎င်းက ဆိုပါတယ်။

Photo - CalcioWeb

 

လက်ရှိအချိန်မှာတော့ ဥရောပကလပ်အသင်းပြိုင်ပွဲ ၂ ရပ် ကျင်းပနေပြီး ချန်ပီယံလိဂ်မှာတော့ အုပ်စုအဆင့်ပြိုင်ပွဲတွေကနေ စတင်ပြီး အသင်း ၃၂ သင်းပါဝင်ယှဉ်ပြိုင်နေပါတယ်။

ဒုတိယအဆင့် ဥရောပ ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာတော့ ၄၈ သင်းပါဝင်ကစားနေတာကြောင့် အခုတစ်ကြိမ် ထပ်တိုးမယ့် ပြိုင်ပွဲကတော့ ကလပ် အသင်းအများဆုံး ပါဝင်တဲ့ ပြိုင်ပွဲလည်း ဖြစ်လာမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က