စပိန်လာလီဂါ၊ ပရီးမီးယားလိဂ်၊ စီးရီးအေပွဲစဉ်အားလုံးကို ဇွန်လအတွင်း ပြန်စဖို့ အတည်ပြုထားပြီးဖြစ်ပါတယ်။
Win Kyaw Min

အမှတ်ပေးလိဂ်ပွဲစဉ်တွေအားလုံး ဇူလိုင်လအတွင်း အပြီးကျင်းပနိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်ထားပြီးလည်း ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေတာဝန်ရှိသူတွေအနေနဲ့ စိန်ခေါ်မှုများစွာရှိနေခဲ့သော်လည်း ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပွဲစဉ်တွေ ကို သတ်မှတ်ထားတဲ့ သြဂုတ်လအကုန်ပိုင်းတွင် အပြီးကျင်းပနိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိနေခဲ့ကြောင်း ဥက္က ဋ္ဌဆီဖာရင်ရဲ့ မှတ်ချက်ပြုမှုကို thesun က ဖော်ပြလာပါတယ်။



ဥရောပထိပ်တန်းအမှတ်ပေးလိဂ်များတွင် ပြင်သစ်လီဂူးနဲ့ နယ်သာလန်အမှတ်ပေးလိဂ်၊ ဘယ်လ်ဂျီယံလိဂ်တို့က ရပ်နားဖို့ဆုံးဖြတ်ခဲ့ပေမယ့် ကျန်ထိပ်တန်းလိဂ်တွေကတော့ လက်ကျန်ပွဲစဉ်တွေဆက်လက်ကစားဖို့ရှိနေပြီး ဂျာ မနီဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေကို အခုတစ်ပတ်တွင် ပြန်လည်စတင်ယှဉ်ပြိုင်နေပြီလည်းဖြစ်ပါတယ်။



“ စိန်ခေါ်မှုတွေရှိနေတယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့အတိုင်းသာ လုပ်နိုင်မယ်ဆိုရင် သြဂုတ်လအတွင်း ရာ သီသိမ်းပွဲစဉ်တွေအားလုံးပြီးဆုံးမှာပါ။ အမှတ်ပေးလိဂ်တွေကို ဇူလိုင်အကုန်မှာအပြီးကျင်းပဖို့လည်း စီစဉ်ထား ပြီးဖြစ်ပါတယ်။ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပွဲစဉ်တွေအားလုံး သြဂုတ်လအတွင်း အပြီးကျင်းပနိုင်မယ်လို့လည်း ယုံ ကြည်ပါတယ် ” လို့ ယူအီးအက်ဖ်အေဥက္ကဋ္ဌဆီဖာရင်က ဆိုခဲ့တာပါ။

COVID-19 ရောဂါကြောင့် ဥရောပပွဲစဉ်တွေအားလုံး ၂လကျော်ရပ်နားခဲ့သလို အချို့လိဂ်တွေအနေနဲ့ ပြန်လည် စတင်နို်င်ဖို့အတွက် စိန်ခေါ်မှုတွေရှိနေဆဲဖြစ်လို့ ၂၀၁၉-၂၀ ဘောလုံးရာသီအနေနဲ့ ပုံမှန်အချိန်များစွာနောက်ကျ ပြီးမှ အဆုံးသတ်ဖို့ရှိနေခဲ့တာပါ။

ဥရောပထိပ်သီးလိဂ်တာဝန်ရှိသူတွေကတော့ လက်ကျန်ပွဲစဉ်တွေပြီးတာနဲ့ ရာသီသစ်အတွက် စတင်ပြင်ဆင်ဖို့ရှိ နေပြီးလာမယ့်၂၀၂၁အတွင်းယူရို၂၀၂ဝပြိုင်ပွဲရှိနေတဲ့အခြေအနေကြောင့်ကစားသမားများအနားယူချိန်လုံ လောက်စေ ဖို့ရည်ရွယ်ချက်နဲ့ ရာသီသစ်ပွဲစဉ်တွေကို သြဂုတ်လအတွင်း ကျင်းပဖို့လျာထားလုပ်ဆောင်မှုများလ ည်းရှိနေခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ


Author

  • Win Kyaw Min

က္က