မနက်အစောကြီးထပြီး ကြည့်ရှုရတာဖြစ်ပါတယ်။
Pyae Phyo Thein

ဆွန်ဟောင်မင်က သူကိုယ်တိုင်လည်း ဒီလိုကြည့်ရှုနိုင်ဖို့အတွက် အခက်အခဲတွေ ရှိခဲ့တယ်လို့ ဝန်ခံခဲ့ပြီး သူ့ကို အားပေးမယ့် ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။


တော့တင်ဟမ် နဲ့ လီဗာပူးလ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင်မှာ တော့တင်ဟမ်တိုက်စစ်မှူးဆွန်ဟောင်မင်က တောင်ကိုရီးယားတစ်နိုင်ငံလုံးကနေ သူ့ကိုအားပေးနေမယ့် ပရိသတ်တွေအပေါ်မှာ လေးစားမှုရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ တောင်ကိုရီးယားပရိသတ်တွေရဲ့ အားပေးမှုအများအပြားကို ရရှိထားတဲ့ ဆွန်ဟောင်မင်ဟာ တော့တင်ဟမ်ကို ကိုယ်စားပြုပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားပေးရတော့မှာလည်း ဖြစ်ပါတယ်။



ဒါဟာ ချန်ပီယံလိဂ်ဘောလုံးသမိုင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဒုတိယမြောက်ရင်ဆိုင်ခွင့်ရတဲ့ အာရှကစားသမားအဖြစ်လည်း ဆွန်ဟောင်မင်က မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး သူ့အရင် မန်ချက်စတာယူနိုက်တက်အသင်းသားဟောင်း ပတ်ဂျီဆန်က ၂၀၁၁ မှာ ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲကို ရင်ဆိုင်ခဲ့ရပြီးလည်း ဖြစ်ပါတယ်။

"အားလုံးက ဒီပွဲကို ကြည့်ရှုဖို့အတွက် အသင့်ဖြစ်နေကြမှာပါ၊ ဒီအတွက် ကျွန်တော်အရမ်းစိတ်လှုပ်ရှားမိပါတယ်၊ တောင်ကိုရီးယားပရိသတ်တွေလည်း အရမ်းပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေကြပါတယ်၊ ကျွန်တော် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားရတော့မှာပါ၊ အားလုံးရဲ့ဆန္ဒတွေပြည့်ဝခဲ့ပြီး တကယ့်ကို စပါယ်ရှယ်ပါပဲ"

"ဒီပွဲက နောက်တော့နောက်ကျပါတယ်၊ ဒီလိုမှမဟုတ်ရင်တော့ မနက်အစောကြီးပေါ့၊ ဒီအတွက် ကြည့်ရှုဖို့ဆိုတာ မလွယ်ကူပါဘူး၊ ကျွန်တော်ကလေးဘဝတုန်းက ဒီလိုမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်၊ ဘောလုံးပွဲကြည့်ဖို့ တကယ်မလွယ်ခဲ့ပါဘူး၊ ဒါကြောင့် အိပ်ယာစောစောဝင်ပြီး မနက် (၄)နာရီမှာ ထရပါတယ်၊ တချို့ကတော့ အလုပ်ကို သွားကြရပါတယ်၊ ဒါကြောင့် ဒီပွဲကို ထကြည့်မယ့် ပရိသတ်တစ်ဦးချင်းစီကို ကျွန်တော် ကျေးဇူးတင်ပါတယ်၊ ဒါကြောင့် ဒီပွဲမှာ ကျွန်တော် ရာနှုန်းပြည့်ကြိုးစားသွားမှာပါ" လို့ ဆွန်ဟောင်မင်က ပြောဆိုခဲ့ကြောင်း talkSports က ပြောဆိုခဲ့ပါတယ်။

ဆွန်ဟောင်မင်ကတော့ တော့တင်ဟမ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိထားသူဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာသာ လီဗာပူးလ်ကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် တော့တငမ်ဟမ်နဲ့အတူ ပထမဆုံးဆုဖလားတစ်လုံးကို ဆွန်ဟောင်မင်က ဆွတ်ခူးနိုင်မှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က