ချန်ပီယံလိဂ် ဗိုလ်လုပွဲကတော့ ဇွန် ၁ ရက်နေ့ ကစားမှာပါ။
Kyaw Ko Ko Sint

လီဗာပူးနဲ့စပါး နှစ်သင်းစလုံးမှာ အင်္ဂလန်လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရသူ ၉ ဦးအထိ ရှိနေပြီး ဗိုလ်လုပွဲအင်္ဂါရပ်နဲ့ညီအောင် နှစ်ဖက်ကစားသမာတွေကို အချင်းချင်း အဆက်အသွယ်ဖြတ်ခိုင်ထားတာလို့ သိရပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားမယ့် လီဗာပူးနဲ့ စပါးအသင်းတို့မှ အင်္ဂလန်လက်ရွေးစင်ကစားသမားတွေကို အချင်းချင်း အဆက်အသွယ်မပြုလုပ်စေဖို့ မှာကြားထားကြောင်းနှင့် ကိုယ်ပိုင်ဖုန်းတွေကိုလည်း သိမ်းထားကြောင်း Daily Mail ကဖော်ပြပါတယ်။ မက်ဒရစ်မှာကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရွေးချယ်ထားတဲ့ ကစားသမား ၉ ဦးအထိ ပါဝင်နေပါတယ်။



အင်္ဂလန်ကစားသမားအချင်းချင်း စကားမပြောစေချင်တာကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ လီဗာပူးရော စပါးရော ပြိုင်ဖက်အသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်ခဲ့စဉ်က နှစ်ဖက်ကစားသမားတွေ တစ်ဦးနဲ့တစ်ဦးကို အပြန်အလှန် ဂုဏ်ပြုစကားတွေ လှမ်းပို့ပြီး ချီးကျူးနေခဲ့တာကြောင့်လို့ ဆိုပါတယ်။

“ဆီမီးဖိုင်နယ်ပွဲပြီးတော့ နှစ်ဖက်စလုံးက ဘော်ဒါတွေက မက်ဆေ့တွေပို့ပြီး ဂုဏ်ပြုကြတယ်၊ နောက်အပတ်ကြမှ တွေ့ကြမယ်ဆိုပြီးတော့လည်း ရင်းရင်းနှီးနှီး ပြောဆိုနေကြတာပါ။ ဒါက ဗိုလ်လုပွဲလို ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပြိုင်ပွဲမျိုးနဲ့ မသင့်တော်သလို ဖြစ်နေတာပါ။ အဓိက အကြောင်းရင်းကတော့ ဒါပါပဲ” လို့ လီဗာပူးအသင်ခေါင်းဆောင် ဟန်ဒါဆင်က ပြောပါတယ်။

ဒါကြောင့် နှစ်ဖက်အသင်းမှာ ပါဝင်နေတဲ့ အင်္ဂလန်လက်ရွေးစင် ၉ ဦးဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမပြီးမချင်း အဆက်အသွယ် လုံးဝလုပ်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

“ချန်ပီယံလိဂ် ဗိုလ်လုပွဲက တကယ်ကို ရှုပ်ထွေးစေပါတယ်၊နောက်ပြီး သူတို့အစုအဖွဲ့ကို အသင်းတစ်ခုအနေနဲ့ ပြန်တည်ဆောက်ဖို့လည်း စိန်ခေါ်မှု တစ်ရပ်လို ဖြစ်နေပါတယ်။” လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောသွားပါသေးတယ်။ အင်္ဂလန်အသင်းကတော့ ဇွန်လ ၆ ရက်နေ့မှာ ဟော်လန်အသင်းနဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ကစားရမှာ ဖြစ်ပြီး အနိုင်ရခဲ့ရင်တော့ တဖက်က ပေါ်တူဂီ-ဆွတ်ဇာလန်အသင်းက အနိုင်ရဲ့အသင်းနဲ့ နောက် ၃ရက်အကြာမှာ ဗိုလ်လုပွဲကစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က