ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေခဲ့ပါပြီ။

ဒီနေ့ညကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ နာမည်ကျော်ခန့်မှန်းသူတွေက သူတို့ရဲ့စိတ်ကြိုက်အသင်းတွေကို ရွေးချယ်ခဲ့ကြပါတယ်။ မိုက်ကယ်အိုဝင်၊ ချာလီ နဲ့ ရွန်နီတို့က သူတို့ပင်တိုင်ရေးသားနေရတဲ့ သတင်းဌာနအသီးသီးတွေကတဆင့် သူတို့ရဲ့ ခန့်မှန်းချက်တွေကို ရေးသားခဲ့ကြပါတယ်။ ဘယ်သူတွေက ဘယ်အသင်းကို အလေးပေးထားလဲဆိုတာ ကြည့်လိုက်ရအောင်။ 


မိုက်ကယ်အိုဝင် (Twitter)

"အသင်းကြီးတစ်သင်းအနေနဲ့ ပုံမှန်ဆိုရင် တစ်ဦးချင်းစီလည်း ကောင်းမွန်မှုအပြည့်အဝရှိပါတယ်၊ ကျွန်တော့်စိတ်ထဲမှာတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲညမှာ ဘိုင်ယန်မြူးနစ်က အောင်ပွဲခံသွားမယ်ပဲ ခံစားရပါတယ်" 


ချာလီ (Sky Sports)

"၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ဘိုင်ယန်က ဗိုလ်လုပွဲကိုတက်ခဲ့တာပါ၊ ပီအက်စ်ဂျီကတော့ ပြိုင်ပွဲတစ်ခုလုံးကို အလေးထားခဲ့ပါတယ်၊ သူတို့ရဲ့အဓိကအင်အားက တိုက်စစ်ပိုင်းဖြစ်ပါတယ်၊ ကာဗာနီက နံပါတ် ၉ တိုက်စစ်မှူးဖြစ်ပေမယ့် အလုပ်မဖြစ်ခဲ့ဘူး၊ အခုတော့ သူတို့ အဲဒီနေရာအတွက် လိုအပ်နေပါပြီ၊ ဘတ်ပီက စစ်မှန်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ရော်နယ်ဒိုနဲ့ မက်ဆီနေရာကို အစားဝင်မှာလားဆိုတာ ဒီလိုပွဲမျိုးကို စောင့်ကြည့်ရမှာပါ၊ သူ့ကိုယ်သူ မြှင့်တင်နိုင်မလား၊ သူ့အတွက်သင့်တော်နေပြီလားဆိုတာ စိတ်ဝင်စားစရာမေးခွန်းပါပဲ"


"အတ္တလန္တာနဲ့ပွဲမှာ အရန်ခုံကထလာပြီး သူကစားတာကို ကျွန်တော်ကြည့်ခဲ့ပါတယ်၊ သူ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် လိုက်ဇစ်နဲ့ပွဲမှာတော့ သူ ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရပါတယ်၊ တစ်ဖက်မှာလည်း နာဘရီက မယုံနိုင်စရာခြေစွမ်းပြနေပါတယ်၊ ဘာစီလိုနာနဲ့ပွဲမှာ မက်ဆီတို့တသိုက်ကို ဘိုင်ယန်က အသေသတ်နိုင်ခဲ့ပါတယ်၊ ဒီနေ့ပွဲမှာ ဘိုတန်တို့ အဲဒီလိုလုပ်နိုင်မလားဆိုတာ ကျွန်တော့်အတွက်တော့ မသေချာပါဘူး၊ သူက ခံစစ်သမားကောင်းလို့လည်း ကျွန်တော်မယုံဘူး"


"ဒါပေမယ့် သူမပါနိုင်ရင်တော့ ဘိုင်ယန်အခက်တွေ့မှာပါ၊ ဒေးဗစ်အလာဘာက မြန်ဆန်ပါတယ်၊ ဒါပေမယ့်လည်း သူ့မြန်ဆန်မှုက ပီအက်စ်ဂျီတိုက်စစ်မှူးတွေအတွက်ဆို မလုံလောက်သေးပါဘူး၊ ပီအက်စ်ဂျီက ဥရောပရဲ့ဘုရင်ဖြစ်လာပါလိမ့်မယ်၊ သာမာန်ပွဲချိန်အတွင်း တစ်ဖက်နှစ်ဂိုးစီသရေကျပြီး အချိန်ပိုမှာ ပီအက်စ်ဂျီက အနိုင်ရသွားမှာပါ"


ရွန်နီ (The Sunday Times)


"ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်က အားသာချက်တွေရှိနေတာမှန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်ကတော့ ပီအက်စ်ဂျီဖြစ်မယ်လို့ ခံစားနေရတယ်၊ ပယ်နယ်တီအဆုံးအဖြတ်လည်း ခံယူရနိုင်ပြီး နေမာ၊ ဘတ်ပီနဲ့ ဒီမာရီယာတို့က ဘိုင်ယန်ရဲ့ high line တွေကို ကျော်ဖြတ်ဖို့အားထုတ်ပါလိမ့်မယ်၊ သူတို့ အခွင့်အရေးရတာနဲ့ ဂိုးသွင်းနိုင်မှာပါ၊ ဘိုင်ယန်ကလည်း အခွင့်အရေးတွေဖန်တီးလိမ့်မယ်ဆိုတာ ကျွန်တော်သံသယမရှိပါဘူး"


"ဒါပေမယ့် ပီအက်စ်ဂျီက ဘောလုံးပိုင်ဆိုင်ချိန်မှာ ကစားပုံကောင်းမွန်ပြီးတော့ သူတို့ရဲ့ တိုက်စစ်မှူးအတွက် အခွင့်အလမ်းကောင်းတွေရှိလာဖို့ ကောင်းကောင်းကစားနိုင်သူတွေပါ၊ ဒီမာရီယာက ပွဲကို အဆုံးအဖြတ်ပေးသူဖြစ်မှာပါ၊ သူက အံ့အားသင့်စရာကစားသမားပါ၊ သူ့ရဲ့ ဘောလုံးသယ်ယူပုံ၊ ပေးပို့မှုတွေနဲ့ သက်လုံကောင်းကောင်းကစားနိုုင်တာတွေက အံ့မခန်းပါပဲ" 



က္က