လိုက်ပ်ဇက်ကို ၃-၀နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့တာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြင်သစ်အသင်းတွေ အောင်မြင်မှုနည်းပါးပြီး ၁၉၉၂-၉၃တုန်းက မာဆေးလ်အသင်း ချန်ပီယံ တစ်ကြိမ်ဖြစ်ထားဖူးတာပဲ ရှိပါတယ်။

ပီအက်စ်ဂျီအသင်းက လိုက်ပ်ဇက်အသင်းကို ဆီမီးဖိုင်နယ်မှာ မာကွင်ဟို၊ဒီမာရီယာ၊ဘားနတ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၃-၀ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ၂၀၁၉-၂၀ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါပြီ။



ယခုနှစ် မတိုင်မီ ပီအက်စ်ဂျီအသင်းဟာချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ်အဆင့်ကို တစ်ကြိမ်သာ တက်လှမ်းထားဖူးပြီး ၁၉၉၅-၉၆ ဘောလုံးရာသီက ဖြစ်ပါတယ်။

ဒီနှစ်ဟာ သူတို့အတွက်ထူးခြားတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာ ဖြစ်ပြီး ပြည်တွင်းအောင်မြင်မှုတွေ အလီလီရနေပေမယ့် ဥရောပ အောင်မြင်မှု မစွမ်းဆောင်ပြထားနိုင်တဲ့ ပီအက်စ်ဂျီအတွက် ဒီနှစ်ဟာ လုပ်ပြနိုင်မယ့်နှစ်လားဆိုတာ တစ်ပွဲ ပဲ စောင့်ကြည့်ဖို့ လိုပါတော့တယ်။

ဒါ့အပြင် အသင်းရဲ့ အဓိက ဝါရင့် နောက်ခံလူ သီယာဂိုလ်ဆေးလ်ဗားဟာ ဒီနှစ်ပြီးရင် အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ သူ့ရဲ့ နောက်ဆုံးပွဲလည်း ဖြစ်ပါတယ်။သူ့အတွက် ပျော်စရာကောင်းတဲ့ အဆုံး သတ်ဖြစ်လာမလားဆိုတာကလည်း စိတ်လှုပ်ရှားစရာပါ။

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြင်သစ်ကလပ်တွေ အောင်မြင်မှု ရှားပါးပြီး တစ်သင်းတည်းသော အသင်း ဖြစ်တဲ့ မာဆေးလ်အသင်းသာ ချန်ပီယံ ဖြစ်ထားဖူးပါတယ်။

အခြားသော အသင်းတွေဖြစ်တဲ့ ရင်းစ်၊စိန့်အက်စ်တီယန်နဲ့မိုနာကိုအသင်းတို့ ဗိုလ်လုပွဲရောက်ဖူးပေမယ့် ချန်ပီယံ မဖြစ်ခဲ့ကြပါဘူး။

ဒါကြောင့် ပီအက်စ်ဂျီအသင်းက ပြင်သစ်ရဲ့ ဒုတိယမြောက် ချန်ပီယံလိဂ်ဆုဖလားကိုင်မြှောက်ပြမယ့်အသင်းလား ဆိုတာကလည်း စောင့်ကြည့်ချင်စရာပါ။

မနက်ဖြန်မှာတော့ ဘိုင်ယန်မြူးနစ်နဲ့ လိုင်ယွန်အသင်းတို့ ဆီမီးဖိုင်နယ် ဒုတိယပွဲအဖြစ် ကစားမှာ ဖြစ်ပြီး အနိုင်ရတဲ့ အသင်းနဲ့ ပီအက်စ်ဂျီအသင်းဟာ လာမယ့် တနင်္ဂနွေနေ့ည(တနင်္လာနေ့ မနက် ၁နာရီခွဲ)မှာ ဗိုလ်လုပွဲ ယှဥ်ပြိုင်ကစားရပါမယ်။

Share

Loading Next Article...
က္က