သွင်းဂိုးအရေအတွက်အားလုံးကို ခြေစစ်ပွဲသွင်းဂိုးတွေပါ ထည့်တွက်ထားခဲ့တာပါ။

လီဝန်ဒေါစကီးရဲ့ လက်ရှိရာသီပြိုင်ပွဲစုံသွင်းဂိုးအရေအတွက်က ၁၅ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးအနေနဲ့ ဂရိကလပ်အိုလံပီယာကော့စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီ ယံလိဂ်အုပ်စုပွဲစဉ်တွင် သွင်းဂိုး ၂ဂိုးရရှိခဲ့တဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးက စားသမားစာရင်းတွင် အဆင့် ၅နေရာကိုရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့UEFA.comကမှတ်တမ်းနဲ့တကွဖော်ပြလာ ခဲ့ပါတယ်။

ဂျာမနီဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင်လည်း ၈ပွဲကစားပြီး ပွဲတိုင်းဂိုးသွင်းနိုင်ခြင်းနဲ့အတူ သွင်းဂိုး ၁၂ဂိုးအထိရရှိထားခဲ့ တဲ့ လီဝန်ဒေါစကီးအနေနဲ့ အခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ၃ပွဲကစားပြီး ၃ဂိုးသွင်းယူထားနိုင်ခဲ့တာလည်းဖြ စ်ပါတယ်။



မှတ်တမ်းတွေအရ လီဝန်ဒေါစကီးအနေနဲ့ အိုလံပီယာကော့စ်ပွဲမတိုင်မီတွင် သွင်းဂိုး ၅၆ဂိုးသာရရှိထားတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်၊ဗီအက်စ်ဗီတိုက်စစ်မှူးဟောင်းရုဒ်ဗန်နစ္စတယ်ရွိုင်းနဲ့သွင်းဂိုးအရေအတွက်တူ ညီနေခဲ့တာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စီရော်နယ်ဒိုက သွင်းဂိုး၁၂၇ဂိုးနဲ့ထိ ပ်ဆုံးကနေဦးဆောင်နေတာဖြစ်ပြီး မက်ဆီက ၁၁၂ဂိုး၊ ရီးရဲလ်ကစားသမားဟောင်းရာအူးလ်က ၇၁ ဂိုး၊ ရီးရဲလ် တိုက်စစ်မှူးဘင်ဇီမာက ဂိုး ၆၀တို့နဲ့အတူ အစဉ်လိုက်ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။

ဂိုးသွင်းအများဆုံးကစားသမားတွေဖြစ်တဲ့ စီရော်နယ်ဒို၊ မက်ဆီတို့ရဲ့ စံချိန်ကို လိုက်မီဖို့ခက်ခဲပေမယ့် လီဝန်ဒေါ စကီးအနေနဲ့ အဆင့် ၃နေရာက ရာအူးလ်နဲ့ ၁၃ဂိုး၊ အဆင့်-၄နေရာက ဘင်ဇီမာနဲ့ ၂ဂိုး သာကွာဟတဲ့အတွက် လိုက်မီနိုင်ဖို့အခွင့်အရေးကောင်းတစ်ရပ်ရှိနေခဲ့တာပါ။



က္က