ဘိုင်ယန်တို်က်စစ်မှူးလီဝန်ဒေါစကီးကို ရည်ရွယ်ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

ချယ်လ်ဆီးနဲ့ ဘိုင်ယန်တို့ဟာ ဒီနေ့မှာကစားကြတော့မှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ချန်ပီယံလိင်္ဂမှာ သွင်းဂိုး ၂၄ဂိုးအထိရရှိထားကာ ဂိုးသွင်းအများဆုံးဖြစ်နေတဲ့ အသင်းဖြစ်ပါတယ်။ 


ချယ်လ်ဆီးအသင်းနည်းပြလမ်းပတ်က ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ရင်ဆိုင်ရမယ့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးနဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးနဲ့ ဘိုင်ယန်တို့ဟာ ဒီနေ့မှာကစားကြတော့မှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ချန်ပီယံလိင်္ဂမှာ သွင်းဂိုး ၂၄ဂိုးအထိရရှိထားကာ ဂိုးသွင်းအများဆုံးဖြစ်နေတဲ့ အသင်းဖြစ်ပါတယ်။ 

လီဝန်ဒေါစကီးက ဘိုင်ယန်အတွက် ချန်ပီယံလိဂ်မှာ ၁၀ ဂိုးအထိသွင်းယူပေးထားကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဟာလန်းနဲ့ပူးတွဲရပ်တည်နေသူဖြစ်ပါတယ်။ ပိုလန်တိုက်စစ်မှူးအနေနဲ့ ဒီရာသီမှာ ခြေစွမ်းကောင်းတွေပြသနေကာ လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးလို့ သတ်မှတ်ခံထားရချိန်မှာ လမ်းပတ်က ကြောက်ရွံ့မှုမရှိဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

"ကျွန်တော့်အတွက် ဘာမှစိုးရိမ်စရာမရှိပါဘူး။ သူက နှစ်ပေါင်းများစွာ တည်ငြိမ်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ထိပ်တန်းအဆင့်မှာ ဂိုးသွင်းမှတ်တမ်းကောင်းတွေရယူနိုင်ခဲ့ပါတယ်၊ ဘိုင်ယန်မြူးနစ်ပွဲတွေကို ကျွန်တော်အများကြီးကြည့်ခဲ့ပါတယ်၊ သူက ဦးစီးဦးဆောင်တစ်ဦးဖြစ်ပေမယ့် သူတို့မှာ ခြိမ်းခြောက်နိုင်သူက အများကြီးရှိနေတာပါ" လို့ လမ်းပတ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါမှာလည်း အမှတ်ပေးဇယားကို ဦးဆောင်နေပြီး လီဝန်ဒေါစကီးက ပြည်တွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရပြီး လမ်းပတ်ကိုယ်တိုင်ကလည်း ဘိုင်ယန်မြူးနစ်ရဲ့ တောင့်တင်းခိုင်မာမှုကို အသိအမှတ်ပြုခဲ့ပါတယ်။ 

"သူတို့ရဲ့ အရည်အချင်းနဲ့ စုစည်းမှုက ဘွန်ဒက်လီဂါမှာ သူတို့ထိပ်ဆုံးရောက်နေတဲ့ အကြောင်းရင်းပါပဲ၊ ဒီလိုအသင်းကိုကျော်ဖြတ်နိုင်ဖို့က ခက်ခဲမှာပါ၊ ဘာလို့လဲဆိုတော့ သန်မာတယ်၊ ဖွဲ့စည်းပုံကောင်းမွန်ပါတယ်၊ သူတို့အပေါ် ကျွန်တော်လေးစားမှုအပြည့်ရှိပါတယ်၊ သူတို့က နှစ်တိုင်းမှာ ချန်ပီယံလိဂ်ဖလားကိုစိန်ခေါ်နိုင်ပေမယ့် ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်သွားရမှာပါ" လို့ လမ်းပတ်က ထပ်ပြောခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က