loading...

loading...

loading...

မော်ရင်ဟိုက ပေါ်တို၊ အင်တာမီလန်အသင်းတွေနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား နှစ်ကြိမ်ရယူနိုင်ခဲ့ဖူးပါတယ်။
Ye Yint Htay

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်မယ့်အသင်းတွေကို ခန့်မှန်းခဲ့ပြီး ဘာစီလိုနာနဲ့ ဂျုဗင်တပ်အသင်းတို့ဟာ ဆီမီးတက်ဖို့အလားအလာအကောင်းဆုံးအသင်းတွေဖြစ်တယ်လို့ ရုရှားရုပ်သံဌာန Russia Today ကို ပြောခဲ့ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်တွေအပြီးမှာ ဆီမီးဖိုင်နယ်တက်မယ့်အသင်းတွေကို ခန့်မှန်းပြောကြားမှုတွေရှိလာကြပါတယ်။ ဒီလိုခန့်မှန်းပြောဆိုနေကြရာမှာတော့ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုလည်းပါဝင်လာပြီး ဆီးမီးဖိုင်နယ်တက်ရောက်နိုင်မယ့်အသင်းတွေကို ခန့်မှန်းခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ဖေးဘရိတ်အသင်းတွေကတော့ ဘာစီလိုနာနဲ့ ဂျုဗင်တပ်အသင်းတွေဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ဖို့အလားအလာအကောင်းဆုံးအသင်းတွေအဖြစ် သုံးသပ်ခဲ့ပါတယ်။

“ရိုးရိုးသားသားဝန်ခံရရင်တော့ ရလဒ်တွေအရ ဆီမီးတက်ဖို့က အသင်းအားလုံးမှာအခွင့်အရေးရှိနေသေးတယ်။ ဒါပေမယ့် ဘာစီလိုနာနဲ့ဂျုဗင်တပ်အသင်းတွေကတော့ တခြားအသင်းတွေထက် အခွင့်အလမ်းပိုကောင်းတာကို အားလုံးတွေ့မှာပါ။ ဘာစီလိုနာက အဝေးကွင်းမှာ နိုင်ထားပြီးအိမ်ကွင်းကစားရမယ်။ ဂျုဗင်တပ်ကလည်း အဝေးဂိုးရပြီးသရေကျထားတယ်။ ကျန်တဲ့အသင်းတွေကတော့ ခန့်မှန်းရခက်တဲ့အနေအထားမှာရှိနေပါတယ်။”လို့ မော်ရင်ဟိုက Russia Today ကို ပြောခဲ့ပါတယ်။ ဗိုလ်လုပွဲတက်မယ့်အသင်းကို ခန့်မှန်းခိုင်းရာမှာတော့ အရမ်းကိုခက်ခဲပြီး မခန့်မှန်းနိုင်ဘူးလို့ပြောခဲ့ပါတယ်။

မော်ရင်ဟိုဟာ နည်းပြဘဝမှာ ပေါ်တို၊ အင်တာမီလန်အသင်းတွေနဲ့အတူ ချန်ပီယံလိဂ်ချန်ပီယံဆုဖလား နှစ်ကြိမ်ရယူနိုင်ခဲ့ဖူးပါတယ်။ မော်ရင်ဟိုအနေနဲ့ သုံးကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလားကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့အရယူဖို့အတွက် အိပ်မက်ရှိခဲ့ပေမယ့် အသင်းက ထုတ်ပယ်ခံခဲ့ရတဲ့အတွက် အိပ်မက်ပျက်ပြယ်ခဲ့ရပါတယ်။


loading...

က္က