အသက် ၃၃ နှစ်အရွယ်သာ ရှိသေးသူဖြစ်ပါတယ်။
Pyae Phyo Thein

အက်သလက်တီကိုမက်ဒရစ်အသင်းလို ဗိုလ်စွဲဖို့အထိ ရေပန်းစားနေတဲ့ ၀ါရင့်အသင်းကို အနိုင်ယူခဲ့တာဖြစ်လို့လည်း ပိုမိုချီးကျူးချင်စရာကောင်းနေခဲ့ပါတယ်။


အက်သလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ယူခဲ့ပြီးနောက် လိုက်ဇစ်အသင်းနည်းပြနာဂယ်စမန်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နို်င်တဲ့ အသက်အငယ်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဂျာမနီလူမျိုးနည်းပြဟာ အသင်းကိုလည်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းလို ဗိုလ်စွဲဖို့အထိ ရေပန်းစားနေတဲ့ ၀ါရင့်အသင်းကို အနိုင်ယူခဲ့တာဖြစ်လို့လည်း ပိုမိုချီးကျူးချင်စရာကောင်းနေခဲ့ပါတယ်။ ပွဲချိန်တစ်လျှောက်လုံးမှာလည်း တိုက်စစ်ကစားဟန်ကို ဖော်ကျူးနိုင်ခဲ့ပြီး ဖျော်ဖြေမှုအပြည့်ပေးနိုင်ခဲ့ကာ ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ 

"၁-၀ ဖြစ်သွားချိန်မှာ ကျွန်တော်တို့နည်းနည်းကစားပုံဆိုးသွားခဲ့ပါတယ်၊ ကံတရားရဲ့ဖေးမမှုနဲ့အတူ ဂိုးလည်းသွင်းယူနိုင်ခဲ့ပါတယ်၊ အားလုံးခြုံပြောမယ်ဆိုရင်တော့ ကျွန်တော်တို့က ပိုပြီးကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်၊ ပိုပြီးရင့်ကျက်တာကိုလည်း ပြနိုင်ခဲ့ပါတယ်၊ သူတို့ ဘယ်လောက်ထိ ခြိမ်းခြောက်နိုင်ခဲ့လဲ ကျွန်တော်မမှတ်မိတော့ဘူး၊ ကစားသမားတွေက သူတို့အတွက် သူတို့ကြိုးစားခဲ့ပါတယ်"

"ချေပဂိုးပေးခဲ့ရပြီးနောက် ကျွန်တော်တို့ စိတ်အေးအေးထားပြီးကစားခဲ့တာပါ၊ အဲဒါကအရမ်းအရေးကြီးပါတယ်" လို့ နာဂယ်စမန်းက Sky Sports ကို ပြောဆိုခဲ့ပါတယ်။ နာဂယ်စမန်းကတော့ ရော်နယ်ဒို၊ မက်ဆီအစရှိတဲ့ နာမည်ကျော်ကစားသမားတွေထက်တောင်မှ ပိုမိုငယ်ရွယ်နေတာဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းမှာတော့ တော်တန်ရုံနည်းပြမရနိုင်တဲ့ စံချိန်မျိုးကို ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 


Author


က္က