မနှစ်က ရိုးမားအသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
ပေါ်တိုအသင်းကို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ နှစ်ကျော့ပေါင်း ရလဒ် ၄-၃ ဂိုးနဲ့ အရေးနိမ့်ပြီး ၁၆သင်းအ ဆင့်နဲ့သာ ကျေနပ်ခဲ့ရတဲ့ ရိုးမားအသင်းရဲ့ နည်းပြ ဒီဖရန်ဆက်စကိုကိုတော့ ရိုမားအသင်းက ရာထူးက ထုတ်ပယ်လိုက်ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။
ရိုးမားအနေနဲ့ ပေါ်တိုအသင်းကို ပထမအကျော့ ကစားစဉ်က ၂-၁ ဂိုးနဲ့နိုင်ခဲ့ပေမယ့်လည်း ဒုကျော့မှာ ၃-၁ ဂိုးနဲ့ ပြန်ရှုံးခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးနဲ့ ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင်ကလည်း အမှတ်ပေးလိဂ်ရဲ့ အနီးကပ်ဆုံး ပြိုင်ဖက် လာဇီယိုအသင်းကို ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့လို့ အဆင့် ၅ နေရာမှာ ရပ်တညနေရပြန်ပါတယ်။
အသက် ၄၉ နှစ်အရွယ် ဒီဖရန်ဆက်စကိုကတော့ ရိုးမာအသင်းကို ၂၀၁၇ ခုနှစ် ဇွန်လက စတင်တာဝန်ယူကိုင် တွယ်လာတာ ဖြစ်ပြီး မနှစ်ကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ တက်ရောက်အောင် စွမ်းဆောင်ပေးထား နိုင်သူပါ။
“ကျွန်တော်အပါအဝင် ရိုးမားတစ်သင်းလုံးက ဒီဖရန်ဆက်စကိုကို ကျေးဇူးတင်နေမှာပါ၊ အနာဂတ်မှာ အဆင်ပြေ ပါစေလို့ဆုတောင်းပေးပါတယ်။” လို့ ရိုးမားအသင်းဥက္ကဌ ပယ်လော့တာက ပြောသွားပါတယ်။
အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်းလည်းဖြစ်တဲ့ ဒီဖရန်ဟာ ရိုးမားအသင်းရဲ့ ကစားသမား ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက ရိုးမားအသင်းနဲ့အတူ အမှတ်ပေးချန်ပီယံ ဖြစ်ဖူးပြီး ၂၀၀၅ခုနှစ်မှာတော့ ကစားသမားဘဝက အနားယူခဲ့သူလို့ သိရပါတယ်။
အဲ့နောက် နည်းပြဘဝနဲ့ ဆာဆူအိုလိုအသင်းမှာ ၅နှစ်ကြာ ကျင်လည်ခဲ့ပြီး ၂၀၁၃ခုနှစ်မှာ စီးရီးဘီ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ရိုးမားအသင်းကို ရောက်ရှိလာသူပါ။