ဒီဘာလာရဲ့ စွမ်းဆောင်ရည်ကျဆင်းမှုကလည်း ရော်နယ်ဒိုကြောင့်လိ့ု ပြောခဲ့ပါတယ်။

ရှုံးထွက်အဆင့်မှာ ရော်နယ်ဒိုက (၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးတော့ ရှုံးထွက်အဆင့်တွေမှာ ဂျူဗင်တပ်စ်အတွက် ဂိုးသွင်းပေးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်နဲ့ အီတလီဂန္ထဝင်ကစားသမားကြီး မာကိုတာဒယ်လီက ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ်အသင်း အရေးနိမ့်ခဲ့တဲ့အတွက် ရော်နယ်ဒိုကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဒီဘာလာရဲ့ ခြေစွမ်းကျဆင်းခဲ့ရတာလည်း ရော်နယ်ဒိုကြောင့်လို့ ပြောဆိုသွားခဲ့ပါတယ်။ တာဒယ်လီကတော့ အီတလီနဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။



ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်မှာ အေဂျက်ဇ်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။ ရော်နယ်ဒိုကို ခေါ်ယူပြီး ချန်ပီယံလိဂ်ဖလားရယူဖို့ ဂျူဗင်တပ်စ်က ပစ်မှတ်ထားခဲ့ပေမယ့်လည်း အေဂျက်ဇ်ကို မကျော်လွှားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် စီးရီးအေဆုဖလားကိုတော့ (၈)နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

"ကစားသမားတချို့က ရော်နယ်ဒိုနဲ့အတူ ကစားခွင့်နည်းပါးနေခဲ့ပါတယ်၊ သူနဲ့အတူ တွဲဖက်ကစားရတာကလည်း အခက်အခဲတွေ ရှိနေခဲ့တာပါ၊ ဒီဘာလာက အဲဒီကစားသမားတွေထဲက တစ်ဦးပါပဲ" လို့ တာဒယ်လီက ပြောခဲ့ကြောင်း Sportskeeda က ရေးသားဖော်ပြခဲ့ပါတယ်။ တာဒယ်လီက ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပြောခဲ့ပါတယ်။

"ဂျူဗီအနေနဲ့ အသင်းလူစာရင်းကို အကောင်းဆုံးစီမံခန့်ခွဲဖို့ လိုအပ်နေပါတယ်၊ ရော်နယ်ဒိုက ဒီရာသီမှာပွဲအများကြီး ကစားခဲ့ရပါတယ်၊ ဒါပေမယ့် သူက အသင်းကို ဦးဆောင်ကစားရတဲ့ သူတစ်ဦးပါ၊ အေဂျက်ဇ်နဲ့ပွဲမှာဆိုရင် သူ ဒီထက်ပိုပြီးတော့ ခြေစွမ်းပြကစားနိုင်ခဲ့သင့်ပါတယ်"

ို့ တာဒယ်လီက ရော်နယ်ဒိုအပေါ် ဝေဖန်သုံးသပ်ခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ်အတွက် (၆)ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။ ရှုံးထွက်အဆင့်မှာ ရော်နယ်ဒိုက (၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးတော့ ရှုံးထွက်အဆင့်တွေမှာ ဂျူဗင်တပ်စ်အတွက် ဂိုးသွင်းပေးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

အသက် (၃၄)နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ဂျူဗီအတွက် စီးရီးအေသွင်းဂိုး (၁၉)ဂိုးလည်း သွင်းယူပေးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က