ကော်တင်ဟိုကို ခေါ်ယူခဲ့စဉ်က သဘောတူညီချက်အရဖြစ်ပါတယ်။

၂၀၁၈ မှာ ကော်တင်ဟိုကို ပေါင် ၁၄၂ သန်းနဲ့ ခေါ်ယူခဲ့စဉ်မှာ ချန်ပီယံလိဂ်ဖလားရရှိပါက ပေါင်ငါးသန်းကို အပိုဆုကြေးအဖြစ်ပေးချေရမယ်လို့ သဘောတူခဲ့တာဖြစ်ပါတယ်။


Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်သာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ပါက ကော်တင်ဟိ်ုကြောင့် လီဗာပူးလ်ကို ပေါင်ငါးသန်းပေးရဖွယ်ရှိတယ်လို့ သိရပါတယ်။ ကော်တင်ဟိုကို လီဗာပူးလ်ကနေ ခေါ်ယူခဲ့စဉ်က သဘောတူညီမှုအရ ပေးချေရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 



၂၀၁၈ မှာ ကော်တင်ဟိုကို ပေါင် ၁၄၂ သန်းနဲ့ ခေါ်ယူခဲ့စဉ်မှာ ချန်ပီယံလိဂ်ဖလားရရှိပါက ပေါင်ငါးသန်းကို အပိုဆုကြေးအဖြစ်ပေးချေရမယ်လို့ သဘောတူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါသဘောတူညီချက်မှာ ဘာစီလိုနာနဲ့အတူဗိုလ်စွဲရင်လို့ မသတ်မှတ်ထားဘဲ ချန်ပီယံလိဂ်ဖလားရရှိခဲ့ရင်ဆိုလို့သာ ပါဝင်ခဲ့တယ်လို့ Mirror ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Goal.com ကလည်း ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ဘိုင်ယန်မြူးနစ်သာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ဘာစီလိုနာအတွက် ပေါင်ငါးသန်းကုန်ကျတော့မှာလည်းဖြစ်ပါတယ်။ ဒါဟာ ကော်တင်ဟိုကို ရောင်းချဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာအတွက် စိတ်ပျက်စရာလည်းဖြစ်လာမှာဖြစ်ပြီး ဂျာမနီကလပ်ဗိုလ်မစွဲမှသာ အဆိုပါပေးချေရမှုကနေ ရှောင်ရှားနိုင်မှာလည်းဖြစ်ပါတယ်။ 

ကော်တင်ဟိုကတော့ သူ့ရဲ့မိခင်ကလပ် နဲ့ လက်ရှိကလပ်ဘိုင်ယန်တို့ရဲ့ ပွဲစဉ်မှာ လူစားဝင်ကစားပေးခဲ့ပြီး ၂ဂိုးသွင်းကာ ၁ကြိမ်ဖန်တီးပေးခဲ့ပါတယ်။ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့တဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာနဲ့ အတွေ့မှာတော့ သွင်းဂိုး ၃ ဂိုးအထိ ပါဝင်ပတ်သက်နိုင်ခဲ့ပြီး မိခင်အသင်းကို ကြီးမားတဲ့ဂိုးပြတ်အရေးနိမ့်မှုနဲ့ ရင်ဆိုင်စေခဲ့မှုမှာလည်း အတိုင်းအတာတစ်ခုထိ ပါဝင်နေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က