အသင်းလူစာရင်းမှာ မပါဝင်ခဲ့အပြီး ပြောဆိုခဲ့တာပါ။

အမ်မရီချန်က သူ့အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းတချို့နဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး ချန်ပီယံလိဂ်ပွဲကစားချင်လို့ အသင်းမှာ ဆက်နေခဲ့တာလို့လည်း ပြောဆိုခဲ့ပါတယ်။


ချန်ပီယံလိဂ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့အပေါ်မှာ တော်တော်လေးအံ့အားသင့်ခဲ့ရတယ်လို့ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူအမ်မရီချန်က ပြောဆိုလိုက်ပါတယ်။ ကစားသမား ၂၂ဦးပါ အသင်းအမည်စာရင်းကို တင်သွင်းရာမှာ အမ်မရီချန်နဲ့ မန်ဇူကစ်တို့ကို နည်းပြဆာရီက ချန်လှပ်ခဲ့တာဖြစ်ပြီး ဒီကစားသမားနှစ်ဦး ကျန်ရစ်ခဲ့တဲ့အပေါ်မှာ အံ့အားသင့်မှုတွေလည်း ရှိခဲ့ရပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းအရ ငယ်မွေးခြံပေါက်ကစားသမား၊ အကယ်ဒမီက ကစားသမားတွေကိုထည့်သွင်းရမယ်ဆိုတဲ့အပေါ်မှာ အခြေခံပြီး လူစာရင်းကို ရွေးချယ်ခဲ့ရတာဖြစ်ကာ ဂျူဗီအကယ်ဒမီကစားသမားတစ်ဦးဖြစ်တဲ့ ကာလိုပင်ဆိုဂလီယိုကတော့ ပါဝင်သွားခဲ့ပါတယ်။ အမ်မရီချန်က သူ့အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းတချို့နဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး ချန်ပီယံလိဂ်ပွဲကစားချင်လို့ အသင်းမှာ ဆက်နေခဲ့တာလို့လည်း ပြောဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ လီဗာပူးလ်ကနေ ဂျူဗင်တပ်စ်ကို အလွတ်ပြောင်းရွှေ့လာခဲ့ပြီးနောက် ချန်က ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ၃၇ပွဲကစားပြီး ၄ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း အသင်းအတွက် ပုံမှန်ကစားခွင့်ရရှိနေခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့လူစာရင်းမှာ ရွေးချယ်မခံရလို့ ဒေါသထွက်နေခဲ့ပြီး အသင်းနဲ့ဆွေးနွေးမှုပြုလုပ်သွားဖို့လည်းရှိတယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။



"အသင်းလူစာရင်းမှာ မပါဝင်ခဲ့လို့ ကျွန်တော်အရမ်းအံ့အားသင့်ခဲ့ရပါတယ်၊ ပြီးခဲ့တဲ့ပွဲစဉ်မှာ ကျွန်တော် ကွဲပြားခြားနားတဲ့ ခြေစွမ်းကို ပြနိုင်ခဲ့တာပါ၊ ပြီးတော့ ဈေးကွက်မပိတ်သိမ်းခင်မှာ အခြားအသင်းတွေနဲ့လည်း ဆွေးနွေးမှုတချို့ရှိခဲ့ပေမယ့် ဒီမှာဆက်ရှိနေခဲ့တာက ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားချင်လို့ပါ"

"ကျွန်တော့်ကို သူတို့ဘက်က ဖုန်းခေါ်ဆိုမှုပြုလုပ်ခဲ့ပြီး မိနစ်အနည်းကြာ စကားပြောဖြစ်ခဲ့ပါတယ်၊ ကစားသမားစာရင်းမှာ ကျွန်တော်မပါဝင်ပေမယ့် ဘာကြောင့်လဲဆိုတာကို မရှင်းပြပါဘူး၊ ကျွန်တော်တကယ်ကို နားမလည်နိုင်အောင်ပါပဲ၊ နောက်တစ်ပတ်ထဲမှာ အသင်းနဲ့ ကျွန်တော်ဆွေးနွေးသွားမှာပါ၊ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့" လို့ အမ်မရီချန်က သူ့ခံစားချက်ကို ပြောသွားခဲ့ပါတယ်။



က္က