ကွာတားဖိုင်နယ်ပွဲစဥ်တွေကိုတော့ သြဂုတ်လ ၁၃ကနေ ၁၆အထိ ဆက်တိုက်ကျင်းပသွားမှာလို့လည်း သိရပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် လက်ကျန် တစ်နေရာစာကိုတော့ ဘိုင်ယန်မြိူးနစ်နဲ့ ဘာစီလိုနာတို့ တက်လှမ်းနိုင်ခဲ့ပြီး ချဲလ်ဆီးနဲ့ နာပိုလီတို့ ကျန်ရစ်ခဲ့ပါတယ်။

ကိုဗစ်မတိုင်ခင်က ကစားလက်စ ချန်ပီယံလိဂ် ၁၆သင်းအဆင့် လက်ကျန်ပွဲတွေကို ဆက်လက်ကစားခဲ့ရာမှာတော့ ဘိုင်ယန်မြူးနစ်က ချဲလ်ဆီးကို ၄-၁ဂိုးနဲ့အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ၇-၁ဂိုးဖြင့်လည်းကောင်း၊ဘာစီလိုနာက နာပိုလီကို ၃-၁ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၁နဲ့လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့တာပါ။



နှစ်သင်းကြား နောက်ဆုံးတွေ့ဆုံထားတာက ၂၀၁၄-၂၀၁၅ခုနှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဖြစ်ပြီး ဘာစီလိုနာက နှစ်ကျော့ပေါင်းရလဒ် ၅-၃နဲ့ ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်သလို အဲ့နှစ်မှာ ဘာစီလိုနာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ နှစ်သင်းကြား ဒီနောက်ပိုင်း မကြာခဏ တွေ့ဆုံလေ့ရှိပြီး သူတစ်ပြန် ကိုယ်တစ်ပြန်နဲ့ ပြိုင်ဆိုင်မှု ပြင်း ထန်တဲ့ တွေ့ဆုံမှုပါပဲ။

၁၂-၁၃မှာလည်း ဆီမီးဖိုင်နယ်မှာပဲ တွေ့ဆုံခဲ့ပြီး အဲ့တုန်းကတော့ ဘိုင်ယန်က နှစ်ကျော့ပေါင်း ၇-၀ဂိုးနဲ့ ဘာစီကို အနိုင်ယူ ကျော်ဖြတ်ခဲ့သလို ထိုနှစ်မှာလည်ဘိုင်ယန် ချန်ပီယံဖြစ်ခဲ့ပါတယ်။

ယခုလို ကွာတားဖိုင်နယ်အဆင့်မှာတော့ သူတို့နှစ်သင်း ၂၀၀၈-၀၉ ဘောလုံးရာသီက တစ်ကြိမ်ဆုံဖူးပြီး ဘာစီလိုနာက နှစ်ကျော့ပေါင်း ၅-၁နဲ့ အနိုင်ရခဲ့ကာ အဲ့ဒီနှစ်က ဘာစီလိုနာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဒါကြောင့် သူတို့နှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ နှစ်တွေမှာ တစ်သင်းသင်း ချန်ပီယံ ဖြစ်စမြဲမို့ဒီနှစ်ကလည်း အထူးစိတ်ဝင်စားဖွယ် စောင့်ကြည့်ချင်စရာပါ။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲတွေကိုတော့ ဒီနှစ်မှာ ကိုဗစ်ကြောင့်ဗိုလ်လုပွဲကျင်းပမယ့် ပေါ်တူဂီနိုင်ငံမှာသာ တစ်ကျော့စနစ်နဲ့ ဗိုလ်လုပွဲပြီးတဲ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်ကိုတော့ ဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်၊မန်စီးတီး၊လိုင်ယွန်၊အတ္တလန္တာ၊အက်သလက်တီကို၊ပီ အက်စ်ဂျီနဲ့လိုက်ပ်ဇက်အသင်းတို့ တက်လှမ်းလာခဲ့တာကြောင့် အင်္ဂလန်ကလပ် တစ်သင်းသာ ပါဝင်လာတာလည်း တွေ့ရပါတယ်။

ကွာတားဖိုင်နယ်ပွဲစဥ်တွေကိုတော့ သြဂုတ်လ ၁၃ကနေ ၁၆အထိ ဆက်တိုက်ကျင်းပသွားမှာလို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က