အစီအစဉ်ကို ပြန်လည်ပြင်ဆင်ပြီး သတ်မှတ်သွားခဲ့တာပါ။
Pyae Phyo Thein

မူလကတော့ ဇွန်လ (၂)ရက်နေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပေမယ့် အသင်းဝန်ထမ်းတွေနဲ့ တချို့ကစားသမားတွေ နားရက်ရရှိဖို့အတွက် ပြန်လည်ဆွေးနွေးပြီးနောက်မှာ ပြင်ဆင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဧပြီလ (၁)ရက်နေ့မှာ ကစားရမယ့် လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် (၂၄)နာရီအတွင်းမှာပဲ စပါးအသင်းက အောင်ပွဲခံအခမ်းအနား ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ စီတန်းလှည့်လည်ပြီး အောင်ပွဲခံမယ့်အခမ်းအနားကို တော့တင်ဟမ်အသင်းက Tottenham High Road တစ်လျှောက် ပြုလုပ်ရန်စီစဉ်ထားပြီး သူတို့ရဲ့ အိမ်ကွင်းသစ်ကြီးမှာ အဆုံးသတ်သွားမယ်လို့ ဆိုပါတယ်။



The Times ရဲ့ ဖော်ပြချက်မှာ တော့တင်ဟမ်က ဆုဖလားရရှိဖို့အတွက် မျှော်လင့်ထားပြီးတော့ အောင်ပွဲခံမှုတွေကို ကြိုတင်ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ မူလကတော့ ဇွန်လ (၂)ရက်နေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပေမယ့် အသင်းဝန်ထမ်းတွေနဲ့ တချို့ကစားသမားတွေ နားရက်ရရှိဖို့အတွက် ပြန်လည်ဆွေးနွေးပြီးနောက်မှာ ပြင်ဆင်ခဲ့တယ်လို့လည်း သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရတဲ့ ကစားသမားတွေ (မနေ့က ရွေးချယ်ခဲ့ပြီး)က ဇွန်လ (၃)ရက်နေ့မှာ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းရမှာဖြစ်လို့ အပြည့်အဝအနားယူခွင့်ရအောင် စပါးအသင်းက (၂၄)နာရီအတွင်းမှာပဲ အောင်ပွဲခံသွားဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ စပါးအသင်းက ဟယ်ရီကိန်း၊ ဟယ်ရီဝင့်ခ် နဲ့ အလီ၊ ဒီယာတို့က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရပါတယ်။

အင်္ဂလန်က ဇွန်လ (၆)ရက်နေ့မှာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲအဖြစ် နယ်သာလန်နဲ့ ကစားသွားရမှာပါ။ စပါးအသင်းရဲ့ အစီအစဉ်အသစ်က နည်းပြဆောက်ဂိတ်အတွက်လည်း အဆင်ပြေခဲ့ပြီး သူ့ကစားသမားတွေကို လန်းဆန်းတက်ကြွမှုအပြည့်နဲ့ အင်္ဂလန်အသင်းကို လာရောက်ပူးပေါင်းတာကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အိမ်ကွင်း မက်ထရိုပိုလီတန်နိုကွင်းကြီးမှာ အင်္ဂလန်ကလပ်အသင်းနှစ်သင်းရဲ့ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြမှာပါ။ စပါးအတွက်တော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်ကတော့ (၂)နှစ်ဆက်တိုက် ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာလည်း ဖြစ်ကာ ဒီနှစ်မှာ ဗိုလ်စွဲနိုင်မယ်လို့ ထင်ကြေးပေးခံနေရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က