ဂျာမနီကလပ်ရဲ့ခြေစွမ်းကို အထင်ကြီးနေတာပါ။
Pyae Phyo Thein

ဘိုင်ယန်မြူးနစ်အနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာလည်း ချယ်လ်ဆိးကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူထားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။


အခုနှစ်ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ဖလားကို ဘိုင်ယန်မြူးနစ်အသင်းရယူနိုင်လိမ့်မယ်လို့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းဘာဘာတော့ဗ်က ပြောဆိုလိုက်ပါတယ်။ ဒီရာသီ ဘွန်ဒက်လီဂါဖလားကို ရယူနိုင်ဖို့ အခြေအနေကောင်းနေသလို ပုံမှန်ခြေစွမ်းပြသနေတဲ့ ဂျာမနီကလပ်ကို ဘာဘာတော့ဗ်က အထင်ကြီးနေတာလည်းဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာလည်း ချယ်လ်ဆိးကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူထားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ ဟန်ဆီဖလစ်ရဲ့ လက်ထက်မှာ ဘိုင်ယန်မြူးနစ်အသင်းက ပြီးပြည့်စုံတဲ့ ခြေစွမ်းမျိုးကို ပြသနေပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေတယ်လို့ ဘာဘာတော့ဗ်က ဖွင့်ဟခဲ့ပါတယ်။ 

"ဒီရာသီချန်ပီယံလိဂ်ကို ကြည့်မယ်ဆိုရင် ဘိုင်ယန်မြူးနစ်က ဗိုလ်စွဲနိုင်မယ်လို့ ကျွန်တော်ယူဆမိပါတယ်၊ တကယ်လို့ ဒီပြိုင်ပွဲကို ဆက်ပြီးတော့ ကစားဖြစ်မယ်ဆိုရင်ပေါ့၊ ဘာလို့ဖြစ်နိုင်သလဲဆိုရင် ဘွန်ဒက်လီဂါပွဲတွေကို ကျွန်တော်မကြာခဏကြည့်ခဲ့ပါတယ်၊ သူတို့က အထင်ကြီးစရာအရည်အသွေးမျိုးကို ပြသနေပြီး ထိပ်တန်းအဆင့်ကစားသမားတွေလည်း ရှိနေပါတယ်"

"ချယ်လ်ဆီးကို နောက်ဆုံးပွဲမှာ အနိုင်ကစားခဲ့တဲ့ခြေစွမ်းဆို မယုံကြည်နိုင်စရာလောက်ပါပဲ၊ သူတို့က အလွယ်တကူပဲအနိုင်ယူခဲ့တာပါ၊ ဗိုင်းရပ်စ်ကြောင့် ပွဲတွေရပ်နားခဲ့တာက ဘယ်လောက်ထိအကျိုးသက်ရောက်မလဲဆိုတာတော့ ကျွန်တော်မသိဘူး၊ ဒါပေမယ့် ပွဲတွေစောစောပြန်ကစားခဲ့ရလို့ ဘိုင်ယန်က ပိုပြီးတော့အသားကျနေမှာပါ၊ သူတို့တွေ ရေပန်းစားနေတာကို ကျွန်တော်မအံ့သြပါဘူး" လို့ ဘာဘာတော့ဗ်က ဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်တိတိဆွတ်ခူးထားတဲ့အသင်းဖြစ်ကာ ဘွန်ဒက်လီဂါဖလားကိုလည်း အကြိမ် ၃၀ မြောက်ရယူနိုင်ဖို့အတွက် နီးစပ်နေပြီလည်းဖြစ်ပါတယ်။ 


Author


က္က