ပထမဆုံးသော ဘောလုံးချစ်သူစုံတွဲဖြစ်လာဖွယ်ရှိနေတာပါ။

ဘိုင်ယန်ဘယ်အစွန်နောက်ခံလူဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ထားနိုင်ခဲ့ပြီး Jordyn ကလည်း ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ရောက်ရှိနေပါတယ်။ 


ဘိုင်ယန်မြူးနစ်အသင်းရဲ့နောက်ခံလူအယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ ပီအက်စ်ဂျီအမျိုးသမီးအသင်းက ကနေဒါလက်ရွေးစင် Jordyn Huitema နဲ့ ချစ်သူတွေဖြစ်နေကြတာပါ။ ဘိုင်ယန်ဘယ်အစွန်နောက်ခံလူဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ထားနိုင်ခဲ့ပြီး Jordyn ကလည်း ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ရောက်ရှိနေပါတယ်။ 



ဘိုင်ယန်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ စနေနေ့မှာကစားသွားကြတော့မှာဖြစ်ပြီး ဒီပွဲမှာအနိုင်ရဖို့အတွက် ဘိုင်ယန်က ရေပန်းစားနေပါတယ်။ Jordyn ရဲ့ ပီအက်စ်ဂျီအမျိုးသမီးအသင်းကလည်း စနေနေ့မှာ အာဆင်နယ်နဲ့ ကွာတားဖိုင်နယ်ကို ကစားရမှာဖြစ်ကာ အနိုင်ရခဲ့မယ်ဆိုရင်တော့ လိုင်ယွန်-ဘိုင်ယန်ပွဲစဉ်က အနိုင်ရအသင်းနဲ့ ဆီမီးဖိုင်နယ်ကစားသွားရမှာဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်အမျိုးသမီးဗိုလ်လုပွဲကိုတော့ သြဂုတ်လ ၃၀ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ဘီလ်ဘာအိုအသင်းရဲ့ ဆမ်မာမီးစ်ကွင်းမှာ ကျင်းပသွားမှာပါ။ ဒီအတွက်ကြောင့် သူတို့ချစ်သူနှစ်ဦးအနေနဲ့ ချန်ပီယံလိဂ်ဖလားကို တစ်ရာသီတည်းမှာ ပြိုင်တူရတဲ့ ဘောလုံးကစားသမားချစ်သူတွေအဖြစ် ပထမဆုံးမှတ်တမ်းဝင်မယ့်အခွင့်အရေးရှိနေတယ်လို့ သိရပါတယ်။ 

ပီအက်စ်ဂျီအမျိုးသမီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲနှစ်ကြိမ်တက်ခဲ့ပြီးတော့ ၂ကြိမ်စလုံးမှာ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ Jordyn ကတော့ အသက် ၁၉ နှစ်အရွယ်သာရှိနေသေးပြီး တိုက်စစ်မှူးတစ်ဦးဖြစ်ကာ ဒီရာသီမှာမှ ပြင်သစ်ကလပ်အတွက်ကစားပေးနေတာဖြစ်ပြီး စုစုပေါင်း ၁၉ ပွဲကစားအပြီးမှာ ၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအမျိုးသမီးအသင်းကတော့ ၁၆ သင်းအဆင့်မှာ Breidablik အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၉-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာပါ။ ၃၂ သင်းအဆင့်မှာလည်း ဘရာဂါအသင်းကို ၇ ဂိုးပြတ်နဲ့အနိုင်ယူခဲ့ပြီး ရလဒ်တွေကောင်းနေတာကြောင့် အာဆင်နယ်အမျိုးသမီးကို ကျော်ဖြတ်နိုင်မလားဆိုတာနဲ့ သူတို့နှစ်ဦးက မှတ်တမ်းသစ်ရေးနိုင်မလားစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က