နာပိုလီနဲ့ ၁၆သင်းအဆင့် ဒုတိယအကျော့ကို ကစားရဖို့ရှိနေပါတယ်။

ဘာစီလိုနာအတွက် ချန်ပီယံလိဂ်ဖလားကို သူ ကိုင်မြှောက်ပေးနေရတယ်လို့ သူ့ကိုယ်သူမြင်ယောင်မိနေကြောင်း ကွင်းလယ်လူဗီဒယ်က ဖွင့်ဟလိုက်ပါတယ်။ စပိန်သတင်းဌာန Mundo Deportivo နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ဗီဒယ်ကပြောဆိုခဲ့တာဖြစ်ပြီး ဘာစီလိုနာကတော့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့အဖြစ် နာပိုလီနဲ့ ကစားသွားရမှာဖြစ်ပါတယ်။ 

ဒီရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၄၂ပွဲကစားပေးထားပြီး ၈ ဂိုးသွင်းယူပေးထားတဲ့ ချီလီကွင်းလယ်လူက ချန်ပီယံလိဂ်ဖလားရရှိဖို့ ရှိသမျှှအရည်အသွေးအားလုံးကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ပထမအကျော့မှာ တစ်ဖက်တစ်ဂိုးစီသရေကျထားပြီး နူးကမ့်မှာ ကစားရမှာဖြစ်လို့ ဘာစီလိုနာအတွက်တော့ အခွင့်အရေးကောင်းတွေရှိနေတာလည်းဖြစ်ပါတယ်။ 

"အရမ်းကောင်းမွန်တဲ့အုပ်စုတစ်ခုနဲ့ ကျွန်တော်တွေ့ခဲ့ရတာပါ၊ တကယ်ထူးချွန်တဲ့ကစားသမားတွေပါ၊ မယုံကြည်နိုင်စရာပရိသတ်တွေ၊ အားပေးထောက်ခံမှုတွေက ကျွန်တော့်အတွက် အိမ်လိုပဲ ခံစားစေခဲ့ရပါတယ်၊ ချန်ပီယံလိဂ်မှာ အကောာင်းဆုံးအဆုံးသတ်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်" လို့ အသက် ၃၃ နှစ်အရွယ် ဗီဒယ်က ပြောဆိုခဲ့ပါတယ်။ 

ပထမအကျော့ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ရတဲ့ ဗီဒယ်က "ကျွန်တော်တို့ အမြင့်မားဆုံးပြင်ဆင်နေပြီး တစ်ဦးနဲ့တစ်ဦးလည်း ကျွန်တော်တို့ရဲ့ ဘဝတွေအတွက် တိုက်ပွဲဝင်ရမယ်လို့ အားပေးမှုတွေပြုလုပ်နေကြပါတယ်၊ ဒီနှစ်အတွက် အရေးအကြီးဆုံးပွဲစဉ်ဖြစ်ပြီး နောက်တဆင့်ကိုရောက်ဖို့ အစွမ်းကုန်အားထုတ်သွားမှာပါ၊ ပြီးတော့ ကျွန်တော်တို့ရဲ့အိပ်မက်တွေကို ဆက်မက်သွားမှာပါ၊ အဲဒါက ချန်ပီယံလိဂ်ဖလားကို ရယူဖို့ပါ" လို့ ထပ်ပြောခဲ့ပါတယ်။ 

ဘာစီလိုနာကတော့ ဒီရာသီမှာ လာလီဂါဖလားကိုရော၊ ကိုပါဒယ်ရေးဖလားကိုပါ လက်လွှတ်ခဲ့ရတဲ့အသင်းဖြစ်ပါတယ်။ ဆုဖလားလက်မဲ့မဖြစ်စေဖို့အတွက် ချန်ပီယံလိဂ်ဖလားကသာ နောက်ဆုံးမျှော်လင့်ချက်အဖြစ်ရှိနေတာဖြစ်ပါတယ်။ 



က္က