ပထမဆုံးအကြိမ်ဆွတ်ခူးခဲ့မှုမှာ ပိုလန်သားကြီးက အမှတ်တရတွေဖန်တီးသွားခဲ့ပါတယ်။
Pyae Phyo Thein

ပိုလန်တိုက်စစ်မှူးအတွက်တော့ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ တစ်ရာသီအတွင်း ဖလားသုံးလုံးရရှိတဲ့စံချိန်ကိုလည်း ပို်င်ဆိုင်ခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ပိုလန်တိုက်စစ်မှူးအတွက်တော့ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ တစ်ရာသီအတွင်း ဖလားသုံးလုံးရရှိတဲ့စံချိန်ကိုလည်း ပို်င်ဆိုင်ခဲ့ပါတယ်။

ဒေါ့မွန်နဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ဖူးပေမယ့် ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ခဲ့လို့ ဆုဖလားနဲ့ လီဝန်ဒေါစကီးက ဝေးကွာခဲ့ရဖူးပါတယ်။ ဒါပေမယ့် ဘိုင်ယန်ကိုရောက်ရှိခဲ့ပြီးနောက် သူ့ရဲ့အိပ်မက်တွေကို ဖြည့်ဆည်းနိုင်ခဲ့ပြီဖြစ်ကာ အခုလည်း သူ့ရဲ့ လူမှုကွန်ယက်ကတဆင့် ချန်ပီယံလိဂ်ဖလားနဲ့ နိုးထလာခဲ့တဲ့ ဓာတ်ပုံကို ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးကြီးဟာ ဘွန်ဒက်လီဂါ၊ ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သလို အဆိုပါပြိုင်ပွဲအားလုံးမှာလည်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ထူးခြားတဲ့စံချိန်ကောင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် တစ်ရာသီလုံးမှာ ပြိုင်ပွဲစုံသွင်းဂိုး ၅၅ ဂိုးအထိ ရရှိခဲ့ကာ ဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ 

အသင်းနဲ့အတူ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် လီဝန်ဒေါစကီးက သူ့ရဲ့လူမှုကွန်ယက်တွေကတဆင့် "အိပ်မက်တွေကို ဘယ်တော့မှ မရပ်တန့်ပစ်လိုက်ပါနဲ့၊ ကျရှုံးနေချိန်မှာတောင် အရှုံးမပေးပါနဲ့၊ မင်းရဲ့ပန်းတိုင်ဆီရောက်ရှိဖို့ အလုပ်ကိုပြင်းပြင်းထန်ထန်ကြိုးစားပါ" လို့ ရေးသားကာ ဆုဖလားနဲ့အတူအောင်ပွဲခံနေတဲ့ ဓာတ်ပုံကို ဖော်ပြခဲ့ပြီး အခုအခါမှာလည်း ချန်ပီယံလိဂ်ဖလားနဲ့အတူ အိပ်ယာကနိုးထလာတဲ့ဓာတ်ပုံကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ 


Author


က္က