ပြီးခဲ့တဲ့ရာသီက ပြောဆိုခဲ့တဲ့အပေါ်လည်း နောင်တမရဘူးလို့ ဆိုပါတယ်။
Pyae Phyo Thein

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရာသီကြိုပွဲအဖြစ် ဘိုကာဂျူနီယာအသင်းနဲ့ ကစားခဲ့တဲ့ ဂျိုအန်ဂမ်ပါဖလားပွဲစဉ်မတိုင်ခင်မှာ မက်ဆီက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။


ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် ယုံကြည်တယ်လို့ ပြီးခဲ့တဲ့ရာသီက ပြောဆိုခဲ့မှုအပေါ်မှာ နောင်တမရဘူးလို့ ပြောဆိုလိုက်ပါတယ်။ ကလပ်အသင်းအနေနဲ့ လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ ရည်ရွယ်ထားသေးတယ်လို့ မက်ဆီက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။



ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရာသီကြိုပွဲအဖြစ် ဘိုကာဂျူနီယာအသင်းနဲ့ ကစားခဲ့တဲ့ ဂျိုအန်ဂမ်ပါဖလားပွဲစဉ်မတိုင်ခင်မှာ မက်ဆီက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ အသင်းခေါင်းဆောင်အဖြစ်နဲ့ ပထမဆုံးအကြိမ် မက်ဆီက ပရိသတ်တွေကို ပြောဆိုခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ လီဗာပူးလ်ကို အံ့အားသင့်ဖွယ်ရာအရေးနိမ့်ပြီး ဆီမီးဖိုင်နယ်ကပဲ ထွက်ခွာခဲ့ရပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ဂျိုအန်ဂမ်ပါဖလားပြိုင်ပွဲမှာ ဘာစီလိုနာက အာဆင်နယ်ကို ၂-၁ နဲ့ အနိုင်ရရှီနခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ မက်ဆီ ပါဝင်ကစားခဲ့ခြင်းမရှိပေမယ့်လည်း အသင်းပရိသတ်တွေကို နှုတ်ဆက်စကားပြောဆိုခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပြောဆိုခဲ့မှုအပေါ်မှာ နောင်တမရဘူးလို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

"ပြီးခဲ့တဲ့ရာသီက ရလဒ်တွေကြောင့် တစ်ခုခုပြောဆိုဖို့က ခက်ခဲပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော် ဘာကိုမှ နောင်တမရပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ အရာအားလုံးအတွက် နောက်တစ်ကြိမ်တိုက်ပွဲဝင်သွားဖို့ အတူတူရှိနေမယ်ဆိုတာကို သံသယမဖြစ်မိပါဘူး၊ ကျွန်တော်တို့ (၁၁)နှစ်အတွင်းမှာ အမှတ်ပေးဖလား (၈)ကြိမ်အထိ ရရှိခဲ့ပါတယ်"

"ဘာစီလိုနာအနေနဲ့ လာမယ့်ရာသီမှာလည်း ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်သွားမှာပါ၊ ဒါက ဘယ်လိုကွဲပြားမှုမှ ရှိလာမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့မှာ အိပ်မက်အသစ်တွေရှိပါတယ်၊ အသင်းနဲ့ထိုက်တန်တဲ့ တန်ဖိုးကို ကျွန်တော်တို့မပေးနိုင်ခဲ့ပါဘူး၊ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တွေမှာ ဘယ်လောက်ထိခက်ခဲခဲ့သလဲဆိုတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ကြရပါတယ်" လို့ မက်ဆီက ပြောသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က