ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၂၇ ပွဲသာကစားပေးနိုင်ခဲ့ပေမယ့် ၁၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်
Pyae Phyo Thein

နေမာက သူ့အနာဂတ်အတွက် အာမခံချက်ပေးခဲ့တာဖြစ်ပြီး အသင်းကို ဥရောပအောင်မြင်မှုရယူပေးချင်တယ်လို့လည်း ဝန်ခံသွားခဲ့ပါတယ်။ 


ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူးနေမာက သူ့အနေနဲပ အသင်းကနေထွက်ခွာသွားမှာမဟုတ်သေးဘူးလို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာမှနေ ပီအက်စ်ဂျီကို ရောက်ရှိခဲ့တဲ့ နေမာဟာ အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပါတယ်။ 

ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ နေမာဟာ ဥရောပအဆင့်အောင်မြင်မှုကို ပီအက်စ်ဂျီအသင်းနဲ့အတူ ရယူချင်နေပြီး ချန်ပီယံလိဂ်မှာ နောက်ထပ်တစ်ကြိမ်ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်ကို ဗိုလ်လုပွဲမှာအရေးနိမ့်ခဲ့ရလို့ စိတ်ပျက်ခဲ့ရပေမယ့် နေမာက သူ အသင်းမှာသာ ဆက်ရှိနေမယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ 


အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၂၇ ပွဲသာကစားပေးနိုင်ခဲ့ပေမယ့် ၁၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ PSG LeMag နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ နေမာက သူ့အနာဂတ်အတွက် အာမခံချက်ပေးခဲ့တာဖြစ်ပြီး အသင်းကို ဥရောပအောင်မြင်မှုရယူပေးချင်တယ်လို့လည်း ဝန်ခံသွားခဲ့ပါတယ်။ 

"နောက်ရာသီမှာ အသင်းမှာပဲ ဆက်ရှိနေမှာပါ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်နိုင်ဖို့ ရည်မှန်းချက် ကျွန်တော့်မှာ ရှိနေပါသေးတယ်၊ ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ အနိုင်ယူသွားမှာပါ၊ အသင်းရဲ့ သမိုင်းမှတ်တမ်းမှာ ကျွန်တော့်နာမည်ကို ရေးထိုးနိုင်ဖို့အတွက် အရာအားလုံးကိုပြုလုပ်သွားမှာပါ" လို့ နေမာက ပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က