နည်းပြ ဆာရီက အမ်မရီချမ်နဲ့မန်ဇူကစ်တို့ နှစ်ဦးကို ဒီနှစ် ဂျူဗင်တပ်အသင်းရဲ့ ချန်ပီယံလိဂ် ကစားမယ့် လူစာရင်းမှာ ထည့်သွင်းခြင်း မပြုခဲ့တာပါ။
နည်းပြ ဆာရီရဲ့ ချန်ပီယံလိဂ် ကစားမယ့် ဂျူဗင်တပ်အသင်း လူစာရင်းမှာတော့ ကွင်းလယ်လူ အမ်မရီချမ် ပါဝင်လာခဲ့ခြင်းမရှိပါဘူး။
ချန်ပီယံလိဂ် လူစာရင်းမှာ မပါဝင်တာ သိလိုက်ရချိန်မှာ ချက်ခြင်းဆိုသလို ကြောင်တောင်တောင် ဖြစ်သွားသလို အံ့အားလည်း သင့်ခဲ့ရတယ်လို့ အမ်မရီချမ်က ဂျာမနီအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ မီဒီယာကို ပြောခဲ့ တယ်လို့ Daily Mail ကဖော်ပြလာပါတယ်။
“ မနေ့က ကျွန်တော့်ကို နည်းပြ မိနစ် တော်တော်နည်းနည်းလေးကို စကားခေါ်ပြောပြီး မင်းလူစာရင်းမှာ မပါဘူးလို့ ပြောခဲ့ပါတယ်။ ကြောင်သွားသလို ဒေါသလည်း ထွက်သွားပါတယ်။” လို့ ချမ်က ပြောခဲ့ပါတယ်။
ချမ်ကတော့ ၂၀၁၈ ဇွန်လက လီဗာပူးကနေ ဂျူဗင်တပ်ကို အလွတ်နဲ့ ပြောင်းလာပြီး ၃၇ ပွဲကစားပေးထားပါ တယ်။
ဒီနှစ်မှာတော့ ရမ်ဆေး၊ရာဘီအို့စ်တို့ ရောက်လာမှုနဲ့အတူ နေရာပျောက်ဆုံးနေခဲ့ပြီး ပီအက်စ်ဂျီအသင်းထံ ပြောင်းမယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။
အမ်မရီချမ်နည်းတူ ချန်ပီယံလိဂ် ကစားမယ့် လူစာရင်းမှာ ခရိုအေးရှား တိုက်စစ်မှူး မန်ဇူကစ်လည်း ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။