ရှုံးထွက်အဆင့်မှာ နှစ်ကျော့ပေါင်း ၅ဂိုးနဲ့အထက်သွင်းယူနိုင်တဲ့ စံချိန်ဖြစ်ပါတယ်။
Pyae Phyo Thein

စလိုဗေးနီးယားကစားသမား အီလီချစ်ဟာ အတ္တလန္တာအတွက် ခြေစွမ်းပြကစားပေးနေပြီး ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၁ဂိုးအထိ ရရှိထားသူဖြစ်ပါတယ်။


မနေ့ညက ကစားခဲ့တဲ့ ဗလန်စီယာနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ အတ္တလန္တာအသင်းအတွက် ကွင်းလယ်တိုက်စစ်ကစားသမား အီလီချစ်က ခြေစွမ်းပြသွားခဲ့ပါတယ်။ ၄-၃ နဲ့ အနိုင်ရရှိခဲ့ရာမှာ အတ္တလန္တာရရှိခဲ့တဲ့ သွင်းဂိုးလေးဂိုးစလုံးကို အီလီချစ်က သွင်းယူပေးခဲ့တာဖြစ်ပြီး မက်ဆီ၊ ရော်နယ်ဒိုတို့ ရရှိထားတဲ့ စံချိန်ကောင်းတစ်ခုကို လိုက်မီသွားခဲ့တယ်လို့ သိရပါတယ်။ 

Opta Joe ရဲ့ ဖော်ပြချက်အရ အသက် ၃၂နှစ်အရွယ် အီလီချစ်က ချန်ပီယံလိဂ်ရှုံးထွက်အဆင့်နှစ်ကျော့ပေါင်းမှာ ၅ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့တာလို့ သိရပါတယ်။ အဆိုပါမှတ်တမ်းကို ကစားသမားနှစ်ဦးတည်းကသာ အီလီချစ်ထက် အရင်ရရှိထားခဲ့ပြီး အဆိုပါကစားသမားတွေက မက်ဆီနဲ့ ရော်နယ်ဒိုတို့ပဲ ဖြစ်ပါတယ်။ 

မက်ဆီကတော့ ၂၀၁၁-၁၂ ဘောလုံးရာသီက ကစားခဲ့တဲ့ လေဗာကူဆင်နဲ့ပွဲမှာ နှစ်ကျော့ပေါင်း ၆ ဂိုး၊ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်ကစားသမားဘဝမှာ ဘိုင်ယန်မြူးနစ်နဲ့ကစားခဲ့တဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီက နှစ်ကျော့ပေါင်း ၅ ဂိုးအထိ သွင်းယူခဲ့ပြီးတော့ မှတ်တမ်းဝင်ထားခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ အီလီချစ်က အဆိုပါမှတ်တမ်းရရှိတဲ့ ကစားသမားစာရင်းထဲ ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

စလိုဗေးနီးယားကစားသမား အီလီချစ်ဟာ အတ္တလန္တာအတွက် ခြေစွမ်းပြကစားပေးနေပြီး ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၁ဂိုးအထိ ရရှိထားသူဖြစ်ပါတယ်။ စီးရီးအေမှာ ၁၅ ဂိုး၊ အခြားပြိုင်ပွဲတွေမှာ ၆ ဂိုးရရှိထားတာဖြစ်ပြီး အီတလီရဲ့ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် အတ္တလန္တာရပ်တည်နေမှုမှာ အဓိကနေရာကနေ ပါဝင်နေတဲ့ ကစားသမားတစ်ဦးအဖြစ်ရှိနေခဲ့ပါတယ်။ 


က္က