စုစုပေါင်း ၁၁ ပွဲကစားခဲ့ပြီး ပွဲအားလုံးကို အနိုင်ရရှိခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အနေနဲ့ အုပ်စုအဆင့်ကနေစတင်ပြီး ဗိုလ်လုပွဲအထိ စုစုပေါင်း ၁၁ပွဲကစားခဲ့ရပြီးတော့ အဆိုပါပွဲအားလုံးကို အနိုင်ရရှိခဲ့ပါတယ်။


ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပြိုင်ပွဲသမိုုင်းမှာတော့ ဘယ်အသင်းကမှ မလုပ်နိုင်ခဲ့တဲ့ စွမ်းဆောင်ရည်နဲ့အတူ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့ အုပ်စုအဆင့်ကနေစတင်ပြီး ဗိုလ်လုပွဲအထိ စုစုပေါင်း ၁၁ပွဲကစားခဲ့ရပြီးတော့ အဆိုပါပွဲအားလုံးကို အနိုင်ရရှိခဲ့ပါတယ်။



အုပ်စုအဆင့်မှာတော့ ဘိုင်ယန်မြူးနစ်ဟာ တော့တင်ဟမ်၊ အိုလံပီယာကော့စ်၊ ရက်ဒ်စတားဘဲဂရိတ်တို့နဲ့ ရင်ဆိုင်ခဲ့ရပြီး ၆ ပွဲကစားခဲ့ရာမှာ ၆ပွဲစလုံးကိုအနိုင်ရရှိခဲ့ပါတယ်။ ၁၆ သင်းအဆင့်မှာတော့ ချယ်လ်ဆီးနဲ့ရင်ဆိုင်ခဲ့ရပြီး နှစ်ကျော့စလုံးကိုအနိုင်ယူခဲ့သလို ဘာစီလိုနာနဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်တစ်ကျော့တည်းမှာလည်း ကြီးမားတဲ့ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ လိုင်ယွန်၊ ဗိုလ်လုပွဲမှာလည်း ဘိုင်ယန်က ပီအက်စ်ဂျီကိုထပ်မံအနိုင်ရရှိခဲ့တာကြောင့် ဒီပြိုင်ပွဲသမိုင်းမှာ ပွဲစဉ်အားလုံးကို ရာနှုန်းပြည့်အနိုင်ရရှိပြီး ဆုဖလားဆွတ်ခူးနိုင်တဲ့ ပထမဆုံးအသင်းအဖြစ်မှတ်တမ်းဝင်လာခဲ့တာဖြစ်ပါတယ်။ ဥရောပချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့လို့လည်း အအောင်မြင်ဆုံးအသင်းအဖြစ် တတိယနေရာမှာ လီဗာပူးလ်နဲ့ ပူးတွဲရပ်တည်နေပြီလည်းဖြစ်ပါတယ်။

နည်းပြဟန်ဆီဖလစ်ရဲ့အသင်းဟာ တစ်ရာသီအတွင်းမှာပဲ အဓိကဆုဖလားသုံးလုံဖြစ်တဲ့ ဘွန်ဒက်လီဂါ၊ ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေတဲ့အသင်းပီပီ အမှားအယွင်းမရှိခဲ့သလို ခြေစွမ်းကောင်းလည်းပြသနိုင်ခဲ့ကာ အောင်မြင်တဲ့ဘောလုံးရာသီတစ်ခုကို ဖန်တိးရယူသွားနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က