ပီအက်စ်ဂျီက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းခဲ့တာပါ။

ပထမဆုံး ဗိုလ်လုပွဲရောက်ဖို့ အာဆင်နယ်အသင်းက ၃၅နှစ်အတွင်း ပွဲပေါင်း ၉၀ကစားခဲ့ရကာ အကြာဆုံး စောင့်ခဲ့ ရတဲ့ စံချိန်ကို ပီအက်စ်ဂျီအသင်းက ပွဲပေါင်း ၁၁၀ ကစားပြီးမှ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ကာ ကျော်ဖြတ်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ၂၀၁၉-၂၀ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီး ဒါဟာ သူတို့အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်လှမ်းနိုင်ခြင်းဖြစ်ပါတယ်။



အသင်းပြိုင်ပွဲစတင်ဝင်ကတည်းက ဒီနေ့အချိန်အထိလည်း ပီအက်စ်ဂျီအသင်းဟာ ဆီမီးဖိုင်နယ်ကို စုစုပေါင်း ၂ကြိမ်သာတက်လှမ်းဖူးပါတယ်။ဒါကတော့ ၉၅-၉၆ခုနှစ်နဲ့၁၉-၂၀နှစ် ၂နှစ်သာ ရှိတာပါ။

ဒီနှစ် ဆီမီးဖိုင်နယ်မှာ လိုက်ပ်ဇက်ကို ၃-၀နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်လှမ်းလာတဲ့ ပီအက်စ်ဂျီအသင်းမှာ ထူးခြားတဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပြီး ပထမဆုံးကတော့ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ဖို့ အချိန်အကြာဆုံး စောင့်လိုက်ရတဲ့ စံချိန်ပါ။

ဒီစံချိန်ကို အာဆင်နယ်အသင်းက ၁၉၇၁ကနေ ၂၀၀၆အထိ ၃၅နှစ်လောက် စောင့်ဆိုင်းခဲ့ရတဲ့ အတွင်းမှာ ပွဲပေါင်း ၉၀ ကစားခဲ့ရပါတယ်။ပီအက်စ်ဂျီ အသင်းကတော့ ဗိုလ်လုပွဲရောက်ဖို့ ချန်ပီယံလိဂ်ပွဲပေါင်း ၁၁၀ကစားခဲ့ရပြီး ဒါဟာ ပထမဆုံး အကြိမ် ဗိုလ်လုပွဲ ရောက်ဖို့ ကစားရတဲ့ ပွဲအရေအတွက်မှာ အများဆုံးဖြစ်ကာ အာဆင်နယ်ရဲ့ စံချိန်ကို ကျော်ဖြတ်လိုက်တာပါ။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ ပထမဆုံး ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ၂-၁နဲ့ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ဆုဖလားနဲ့ လွဲချော်ခဲ့ပါတယ်။

အခုလို ပီအက်စ်ဂျီအသင်း ဗိုလ်လုပွဲရောက်တာဟာ ပြင်သစ်ကလပ်တွေထဲမှာ ၅သင်းမြောက်ဖြစ်ပြီး ၂၀၀၃-၀၄ ခုနှစ်က မိုနာကိုအသင်းနောက်ပိုင်း ပထမဆုံးဗိုလ်လုပွဲတက်တဲ့ ပြင်သစ်ကလပ်လည်း ဖြစ်လာခဲ့ပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ နိုင်ငံတူ အသင်းအချင်းချင်း တွေ့ဆုံမှုတွေရှိပေမယ့် ပြင်သစ်နိုင်ငံတူကလပ်အသင်း အချင်းချင်းတော့ မတွေ့ဖူးပါဘူး။ လက်ကျန် ဆီမီးဖိုင်နယ် ဒုတိယပွဲမှာလည်း ပြင်သစ်ကလပ် လိုင်ယွန်အသင်း ကစားဖို့ ရှိနေလို့ ဒီနှစ်မှာ ပြင်သစ်ကလပ်တွေ ဗိုလ်လုပွဲတက်တဲ့နှစ်ဖြစ်နိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Share

Loading Next Article...
က္က