ရီးရဲကို ၃-၀ နဲ့ နိုင်တဲ့ပွဲအပြီးမှာရေးထိုးနိုင်ခဲ့တာပါ။

ရီးရဲနဲ့ ဘာစီလိုနာ နှစ်သင်းစလုံးကို ၂ ဂိုးစီသွင်းဖူတဲ့ ကစားသမားက ဒီမာရီယာအပါအဝင် ချန်ပီယံလိဂ်မှာ ၃ ဦးပဲ ရှိပါတယ်။

ပီအက်စ်ဂျီအသင်းက ရီးရဲမက်ဒရစ်အသင်းကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ တိုက်စစ်မှူး ဒီမာရီယာက တစ်ဦးတည်း ၂ ဂိုးသွင်းယူပေးခဲ့တာပါ။



ဒီလို ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်မှာ ရီးရဲနဲ့ ဘာစီလိုနာ နှစ်သင်းစလုံးကို ၂ ဂိုးစီ ဂိုးသွင်းဖူးတဲ့ ၃ ဦးမြောက် ကစားသမားလည်း ဖြစ်လာခဲ့တယ်လို့ Goal.com ကဖော်ပြလာပါတယ်။

ဒီမာရီယာအနေနဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီက ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့တွေ့ဆုံချိန်မှာလည်း ဘာစီလိုနာ အသင်းဖက်ကို ၂ ဂိုးသွင်းယူနိုင်ခဲ့သူပါ။

ဒီမာရီယာမတိုင်ခင် ရီးရဲနဲ့ ဘာစီလိုနာ နှစ်သင်းစလုံးကို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၂ ဂိုးစီသွင်းထားဖူးသူတွေ ကတော့ ယခင် ပေါ်တို၊စပို့တင်နဲ့ဂါလာတာစာရေးတို့မှာ ကစားဖူးတဲ့ တိုက်စစ်မှူး မာရီယိုဂျာဒယ်နဲ့အေစီ မီလန် ဂန္တဝင် ကစားသမားကြီး ရှက်ချန်ကို တို့ဖြစ်ပါတယ်။



ဒါ့အပြင် ဒီမာရီယာအနေနဲ့ အာဂျင်တီးနားကစားသမားတစ်ဦးအဖြစ် ရီးရဲရော ဘာစီလိုနာရော နှစ်သင်းစလုံးကို ဂိုးသွင်းဖူးတဲ့ ဒုတိယမြောက် ကစားသမားအဖြစ် လက်ရှိ မန်စီးတီးက အဂူရိုပြီးရင် ထပ်မံ ထွက်ပေါ်လာခဲ့ပြီ လည်း ဖြစ်ပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ တောင့်ပံ တိုက်စစ် ကစားသမား ဒီမာရီယာကတော့ ဒီနှစ် ပီအက်စ်ဂျီအသင်း အတွက် လီဂူးဝမ်းမှာ၂ဂိုးသွင်း တစ်ဂိုးဖန်တီးပေးထားပြီး အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေ စေပါတယ်။

Share

Loading Next Article...
က္က