ချန်ပီယံလိဂ်နောက်ဆုံး (၁၇)ပွဲမှာ (၁)ဂိုးသာ ရခဲ့ပါတယ်။
Pyae Phyo Thein

ဆွာရက်ဇ်ဟာ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပြီးတော့ မိနစ်ပေါင်းအားဖြင့် တစ်ထောင်ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ လူးဝစ္စဆွာရက်ဇ်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကြီးအကျယ်ဂိုးမိုးခေါင်မှုနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူစာရင်းမှာ ဆွာရက်ဇ်ပါဝင်တယ်လို့ ပြောမယ်ဆိုရင် ငြင်းဆိုမယ့်သူ ရှိမှာမဟုတ်တာ သေချာပေမယ့်လည်း ဆွာရက်ဇ်ကတော့ လတ်တလောမှာ ဂိုးပေါက်ပျောက်နေခဲ့ရပါပြီ။



ဘာစီလိုနာအတွက် နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာလည်း ဆွာရက်ဇ်က ဂိုးပေါက်ပျောက်ဆုံးနေပြီး အသင်းမှာ ခြေစွမ်းပြနိုင်ဖို့အတွက် ရုန်းကန်နေခဲ့ရပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင် ဆွာရက်ဇ်ဟာ သွင်းဂိုးလုံးဝမရရှိသေးပဲ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ (၁၇)ပွဲမှာ သွင်းဂိုးတစ်ဂိုးသာ ရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်းကတည်းက ဆွာရက်ဇ်ဟာ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပြီးတော့ မိနစ်ပေါင်းအားဖြင့် တစ်ထောင်ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ လိုင်ယွန်နဲ့ ဂိုးမရှိသရေပွဲအပြီးမှာ ဆွာရက်ဇ်ရဲ့ အဝေးကွင်းမှာ ဂိုးမသွင်းနိုင်တဲ့မှတ်တမ်းက (၂၄)နာရီ ပြည့်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီရာသီမှာ လာလီဂါသွင်းဂိုး (၁၅)ဂိုးအထိ ဆွာရက်ဇ်က ရရှိခဲ့ပေမယ့်လလည်း နောက်ပိုင်းပွဲစဉ်တွေမှာတော့ သွင်းဂိုးပျောက်ဆုံးနေခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တဲ့ မက်ဆီနဲ့ တွဲဖက်ကစားနေခဲ့ရတဲ့ ဆွာရက်ဇ်ဟာ ဘာစီလိုနာမှာတော့ ပုံမှန်တစ်နေရာ ရရှိနေသူ ဖြစ်ပြီး မက်ဆီနဲ့အတူ ပူးတွဲခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဆွာရက်ဇ်ရဲ့ ခြေစွမ်းအပေါ်မှာ စိုးရိမ်မှုမရှိဘူးလို့ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက လိုင်ယွန်နဲ့ပွဲအပြီးမှာ ပြောခဲ့ပေမယ့်လည်း ဆွာရက်ဇ်နေရာမှာ အစားထိုးဖို့ ကစားသမားကိုတော့ ဘာစီလိုနာက ဈေးကွက်အတွင်းမှာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျီရိုနာတိုက်စစ်မှူး စတူအာနီကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ကစားသမားဘက်က ငြင်းဆိုခဲ့လို့ ဆာဆူအိုလိုအသင်းက ကီဗင်ပရင့်ဘိုတန်ကို ဘာစီလိုနာက အငှားနဲ့ ခေါ်ယူခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က